ဒီကနေ့ လူတွေအများအားဖြင့် အသားအရေဆိုင်ရာ ပြဿနာအမျိုးမျိုးနဲ့ ကြုံတွေ့နေရပါတယ်။ အမည်းစက်တွေ၊ အညစ်အကြေးတွေ၊ မှဲ့ခြောက်တွေနဲ့ ဝက်ခြံပြဿနာတွေပါ။ ဒါ့ကြောင့် အသားအရေဆိုင်ရာ ပြဿနာတွေကို အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့အတွက် သဘာဝနည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံးပါဝင်ပစ္စည်းတွေကို အရင်ပြင်ဆင်ထားပါ။

ရေ ၂၀၀ မီလီလီတာ

နံနံရွက် တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၂ ဇွန်း

သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (သံပုရာရည်ကို အစားထိုးသုံးပေးနိုင်ပါတယ်။)

ပြင်ဆင်ခြင်း

အရင်ဆုံး အိုးတစ်လုံးထဲမှာ ရေထည့်ပြီးအပူပေးပါ။ ပြီးရင် ပွက်ပွက်ဆူလာတဲ့ထိ ထားပေးပါ။ အဲဒီနောက် နံနံပင်ရွက်ကို ထည့်ပေးပြီး အပူရှိန်လျှော့ကာ ၁၅ မိနစ်လောက် ထားပေးပါ။

အဲဒီနောက် မီးဖိုပေါ်ကချပြီး အေးအောင်ထားပါ။ အဲဒီနောက် ရေဆစ်ချပြီး သံပုယိုရည်ထည့်ပေးပါ။ အဲဒီနောက် အဖုံးပါတဲ့ ခရားတစ်လုံးထဲ ပြောင်းထည့်ပြီး အဖုံးပိတ်ထားကာ ရေခဲသေတ္တာထဲထည့်ပေးပါ။

မနက်တိုင်း နဲ့ ညနေတိုင်းမှာ အဲဒီအရည်ကို မျက်နှာပေါ်လိမ်းပေးပြီး ၅ မိနစ်လောက်ထားကာ ရေဆေးချပေးပါ။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင် အသားရေဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။

၂ ပတ်လောက်အတွင်း ထူးခြားတဲ့ရလဒ်တစ်ခုကို သင်လက်တွေ့ခံစားမိမှာဖြစ်ပါတယ်။

နံနံရွက်ရဲ့ အကျိုးကျေးဇူး

နံနံရွက်မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပြီး အသားအရေဆိုင်ရာပြဿနာတွေကို ဖြေရှင်းပေးနိုင်ရုံမက ဖျားနာတာ၊ ဆီးချိုနဲ့ မျက်လုံးရောင်ရမ်းခြင်း၊ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါတွေအတွက် အသုံးပြုပေးနိုင်ပါတယ်။