မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Hometown Cha Cha Cha ကိုရီးယားရုပ်ရှင်ဇာတ်လမ်းတွဲမှာ Hong Du Shik အဖြစ်သရုပ်ဆောင်ထားတဲ့ Kim Seon Ho အကြောင်းလေးကို ပရိတ်သတ်ကြီးလည်းစိတ်ဝင်စားမယ်လို့ ထင်ပါတယ်။ Hometown Chachacha ဇာတ်လမ်းတွဲလေးကလည်း ထွက်ရှိထားတဲ့ Episode  2 ပိုင်းမှာတောင် ကြည့်ရှုသူ Rating ကအမြင့်ဆုံးကို ရောက်လာခဲ့ပါတယ်။ ဇာတ်လမ်းတွဲလေးကလည်း မြို့သူလေးနဲ့ကျေးရွာဓလေ့ ရဲ့ပုံစံလေးကိုရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာ Kim ကတော့ သူ့ရဲ့အပြင်ပုံစံလေးအတိုင်း သဘောကောင်းပြီး သူနေတဲ့ကျွန်းလေးမှာတော့ လူချစ်လူခင်ပေါတဲ့ ခေါင်းဆောင် Hong ပေါ့နော်။ Kim ရဲ့အချစ်တော်ပရိတ်သတ်တွေကလည်း ပေါ့ပေါ့ပါးပါးဖြစ်ပြီး အမြဲပြုံးနေတတ်တဲ့ ဇာတ်ကောင်မျိုးကို အခုအချိန်မှာ ကြည့်ချင်နေကြမယ်ထင်ပါတယ်။

ကဲ့ဒီလိုဆိုရင် Kim ရဲ့အကြောင်းလေးတွေ စပ်စုလိုက်ကြရအောင်။ Kim က 1986 မေလမှာမွေးဖွားခဲ့ပါတယ်။ ဆိုးလ်မြို့မှာပဲ မွေးဖွားခဲ့ပြီး ဆိုးလ်မြို့မှာပဲကြီးပြင်းလာခဲ့ပါတယ်။ 2017 လောက်မှာတော့ သူရဲ့ပွဲဦးထွက်ဇာတ်ကားလို့လည်း ပြောလို့ရတဲ့ Good Manager ဇာတ်ကားမှာတော့ ပရိတ်သတ်တွေစပြီး သတိထားမိတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။Start-up ဇာတ်လမ်းတွဲမှာလည်း မတူညီတဲ့သရုပ်ဆောင်မှုတွေနဲ့ ပါဝင်ခဲ့ပါသေးတယ်။ ရရှိခဲ့တဲ့ Awards တွေကလည်း 2017 လောက်စတင်ပြီး 2021 ထဲ ၈ခုရရှိခဲ့ပါတယ်။ အခုအချိန်ထိတော့ သူရဲ့ Dating သတင်းတွေကတော့ တည်ငြိမ်နေဆဲဆိုတော့ ပရိတ်သတ်တွေကတော့ အခုထိ Single ဆိုပြီးသတ်မှတ်ထားကြတုန်းပါနော်။


Photo Source – Free.pik