သင်က Hair style တွေကိုစိတ်ဝင်စားတဲ့သူလား။ဒါမှမဟုတ် ဆံပင်ပုံစံ မကြာခဏ ပြောင်းရတာကြိုက်တဲ့သူ တစ်ယောက်လား။ဒါဆို ဘယ်လိုဆံပင်ပုံစံတွေနဲ့လိုက်ဖက်လဲဆိုတာသိရအောင် ဟောလိဝုဒ်ကနာမည်ကြီးအနုပညာရှင်တွေထားတဲ့ ဆံပင်ပုံစံတွေကို လေ့လာကြည့်လိုက်ပါ။

(၁) David Beckham

Photo : Pinterest

ပထမဆုံးလူကြိုက်များတဲ့ အမျိုးသားအနုပညာရှင်ဆံပင်စတိုင်လ်ကတော့ ကမ္ဘာကျော်ဘောလုံးသမား ပြည်သူ့အချစ်တော် ဒေးဗစ်ဘက်ခမ်းရဲ့ဆံပင်ပုံပါ။ တောက်ပြောင်ချောမွေ့ပြီးဆံသားထူထူရှိတဲ့ အနက်ရောင်ဆံပင်ပုံစံဖြစ်ပါတယ်။ သူရဲ့ဆံပင်စတိုင်လ်က တည်ကြည်ခန့်ညာတဲ့အသွင်ကို အပြည့်အဝရစေတယ်နော်။

(၂) Brad Pitt

နောက်တယောက်က ဘရက်ပစ်ပါ။ ဒီခပ်မိုက်မိုက် မင်းသားကတော့ သူ့ရဲ့ဆံပင်ကို အောက်ဘက်မှာခပ်တိုတိုညှပ်ထားပြီး အပေါ်ယံဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ဖြီးလိမ်းထားပါတယ်။ အလုပ်မရှုပ်ဘဲ ထိန်းသိမ်းရလွယ်ကူတဲ့ဆံပင်ပုံစံမျိုးပါ။

(၃) Justin Bieber

နောက်ထပ်တယောက်ကတော့ လူငယ်အဆိုတော် ဂျက်စတင်ဘီဘာပဲဖြစ်ပါတယ်။ သူ့ရဲ့ဆံပင်စတိုင်လ်က တော့ ဘေးဘက်ကဆံပင်တွေကိုအနည်းငယ်တိုထားပြီး နဖူးအထက်မှာ ခပ်ပြေပြေကျနေမယ့် ဆံပင် စတိုင်လ်မျိုးပါ။ သွားစရာလာစရာရှိရင် အလွယ်တကူပုံသွင်းလို့လဲ အဆင်ပြေပါတယ်။

(၄) Zac Efron

အမေရိကန် သရုပ်ဆောင် ဇတ်အက်ဖရွန်ရဲ့ဆံပင်စတိုင်လ်ကလဲ နာမည်ကြီးပါတယ်။ သဘာဝဆန်ဆန်ခပ်ပွပွ ဖြစ်နေတဲ့ပုံစံက ဆွဲဆောင်မှုရှိရှိနဲ့လူကြိုက်များကြပါတယ်။ ဒါပေမယ့် မင်းသားညှပ်ထားလို့ ဆံပင်စတိုင်လ်က ပိုမိုက်နေလားဆိုတာကိုတော့ ကိုယ်တိုင်ညှပ်ကြည့်မှပဲသိရမယ်နော်။

(၅) George Clooney

နောက်ဆုံးအမိုက်စားဆံပင်စတိုင်လ်ပိုင်ရှင်ကတော့ မင်းသားကြီးဂျော့ကလူးနီပဲဖြစ်ပါတယ်။ ဒီမင်းသားကြီးရဲ့ ဆံပင်စတိုင်လ်က ဆံပင်မတိုမရှည်ထားပြီး ခေါင်းကိုသပ်သပ်ရပ်ရပ်ဖြီးထားတာက မုတ်ဆိတ်ထူထူတွေနဲ့လိုက်ဖက်ညီနေပါတယ်။ သက်လတ်ပိုင်းအမျိုးသားတွေရော အသက်ကြီးတဲ့သူတွေပါထားလို့ရတဲ့ဆံပင်ပုံစံမျိုးပါ။ ဒီဆံပင်ပုံထားရင် ပိုပြီးလိုက်ဖက်မှုရှိအောင် မင်းသားကြီးလို မုတ်ဆိတ်ထူထူထားဖို့လဲ မမေ့နဲ့နော်။

Photo : Pinterest