ဟောလိဝုဒ်စုံတွဲတွေမှာ များသောအားဖြင့် ကာလတိုတောင်းစွာပြတ်စဲမှုတွေကို တွေ့မြင်ကြရပါတယ်။ ဟိုအတွဲလေး လိုက်ဖက်တယ်နော် ပြောလို့မဆုံးသေးဘူး Break up news ထွက်လာတာမျိုး မကြာခဏကြုံဖူးကြမှာပါ။ အဲ့တော့ အချစ်စစ်ဆိုတာဘာလဲ ကမ္ဘာပေါ်မှာ တကယ်ရောရှိရဲ့လားလို့ တွေးမိတတ်ပါတယ်။
အဲ့မေးခွန်းရဲ့အဖြေကို သက်သေပြပေးမယ့် အနေဘယ်လိုဝေးဝေး သွေးမအေးပဲ အချစ်တွေခိုင်မြဲနေကြတဲ့ ဟောလိဝုဒ်ကြယ်ပွင့်စုံတွဲတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Victoria နဲ့ David Beckham
ဒေးဗစ်ဘက်ခမ်းလို့ပြောလိုက်တာနဲ့ ဗစ်တိုးရီးယားကို ပြေးမြင်သလို ဗစ်တိုးရီးယားဆိုတာနဲ့ ဒေးဗစ်မဟေသီဆိုတာ ခွဲခြားမရလောက်အောင် လိုက်ဖက်လွန်းတဲ့ ကြယ်ပွင့်စုံတွဲပဲဖြစ်ပါတယ်။ အောင်မြင်မှုကိုယ်စီနဲ့ လျှောက်လှမ်းနေကြတဲ့ သူတို့နှစ်ဦးရဲ့ ချစ်ခရီးလမ်းဟာ ပန်းခင်းလမ်းတော့မဟုတ်ခဲ့ပါဘူး။ ချစ်ကြိုက်စမှာ ဒေးဗစ်က ကယ်လ်လီဖိုးနီးယားမှာနေထိုင်ရပြီး ဗစ်တိုးရီးယားကတော့ လန်ဒန်မြို့မှာနေခဲ့ကြရပါတယ်။ ဘယ်လိုအနေဝေးတဲ့ RS ပဲဖြစ်ပါစေ သူတို့ရဲ့အချစ်ကိုတော့ မတားဆီးနိုင်ခဲ့ပဲ ခုဆိုရင် နှစ်ပေါင်း၂ဝ ကြာထိ သားသမီး ၄ ယောက် ထွန်းကားကာ လက်တွဲမြဲနေလျက်ပါပဲ။
(၂) Gwen Stefani နဲ့ Blake Shelton
The Voice fan တွေထဲ မသိသူမရှိလောက်တဲ့ Gwen နဲ့ Blake ကတော့ အနုပညာလမ်းကြောင်းလဲတူ၊ စိတ်တူကိုယ်တူရှိကြတဲ့ Love birds တွေပါပဲ။ ၂ဝ၁၅ ကစပြီး လက်တွဲခဲ့ကြပြီး သူတို့ရဲ့ချစ်ကြည်နူးစရာ မြင်ကွင်းလေးတွေကို ပရိသတ်ကိုလဲချပြဖို့ ဝန်မလေးတတ်တဲ့ စုံတွဲဆိုလဲမမှားပါဘူး။ LDRS ဖြစ်ပေမဲ့ အခွင့်ရေးရတာနဲ့ တပူးတွဲတွဲရှိတတ်တဲ့ သူတို့နှစ်ဦးကတော့ 2021 မှာ လက်ထပ်ခဲ့ကြပါတယ်။
(၃) Nicole Kidman နဲ့ Keith Urban
Tom Cruise နဲ့ လမ်းခွဲပြီးနောက် စိတ်ကျရောဂါကို တစ်ဦးတည်းတိုက်ပွဲဝင်ကာ အလုပ်တွေဖိလုပ်နေခဲ့ရတဲ့ Nicole ကတော့ American Idol ရဲ့ Judge တစ်ဦးဖြစ်တဲ့ Keith နဲ့တွေ့မှ သူမရဲ့နေ့ရက်တွေ ပြန်လည်အသက်ဝင်လာခဲ့ရပါတယ်တဲ့။ Keith ဟာ Nicole ကို မြင်မြင်ချင်းချစ်မိသွားပြီး တရားဝင်လက်တွဲခဲ့ကြပါတယ်။ နှစ်တွေအကြာကြီးလက်တွဲခဲ့ကြရင်း အလုပ်ကိစ္စနဲ့ ဝေးကွာနေရရင်တောင်မှ ဖုန်းတွေအကြာကြီးပြောတတ်ကြပြီး Keith ဟာ အလုပ်နဲ့ခရီးထွက်ခါနီးတိုင်း ချစ်သဝဏ်လွှာ ချန်ထားတတ်ခဲ့ပြန်ပါတယ်။ ဘယ်လိုတောင် Romantic ဆန်လိုက်သလဲနော်။
(၄) Meghan Markle နဲ့ Prince Harry
အင်္ဂလန်ရဲ့တော်ဝင်မျိုးနွယ်တစ်ဦးဖြစ်တဲ့ Prince Harry နဲ့ အမေရိကန်သရုပ်ဆောင် Meghan Markle တို့ရဲ့ အချစ်ဇာတ်လမ်းကတော့ အခက်ခဲတွေကြားက တည်ဆောက်ထားကြတဲ့ အားကျဖွယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ဆိုတာ သိပြီးဖြစ်ကြမှာပါ။ ရွှေလက်မတွဲခင်ကာလတွေမှာ သူတို့နှစ်ဦးဟာ တိတ်တခိုးတွေ့ခဲ့ကြရသလို နိုင်ငံမတူတဲ့ LDRS ကိုလဲ သူတို့အချစ်က အနိုင်ယူခဲ့ပြန်ပါတယ်။ သူတို့ ၂ ဦးဟာ တစ်ဦးကိုတစ်ဦး ၁၄ ရက်ထပ်ပိုပြီး ခွဲမနေနိုင်ဘူးလို့လဲ ဖြေကြားခဲ့ပါသေးတယ်။
Source: Brightside