မိန်းကလေးရယ်လို့ဖြစ်လာရင် အသက်အရွယ်မရွေး နုပျိုလှပချင်ကြတာကတော့ သဘာဝပါပဲ။ အမြဲတမ်း ငယ်ရွယ်နုပျိုလန်းဆန်းနေဖို့အတွက် အရေးကြီးဆုံးကတော့ အသားအရည်ကျန်းမာရေးပဲ ဖြစ်ပါတယ်။ အသားအရည်ပြုပြင်ထိန်းသိမ်းဖို့ အလှပြင်ဆိုင်သွားရတာလည်း အချိန်လည်း ကုန်သလို ငွေကုန်ကြေးကျလည်း များပါတယ်။

ဒါဆိုရင် ကိုယ့်အိမ်မှာပဲ ဘယ်လိုနည်းလမ်းတွေသုံးပြီးတော့ ငယ်ရွယ်နုပျိုအောင်ထိန်းသိမ်း စောင့်ရှောက်ကြမလဲဆိုတာကို ဆက်ဖတ်ကြည့်လိုက် ရအောင်နော်။

၁။ ကော်ဖီကို နေ့လည်စာမစားခင်အချိန်အထိပဲ သောက်သုံးပါ

မနက်ခင်းပိုင်းမှာ ကော်ဖီတစ်ခွက်သောက်ခြင်းက ခန္ဓာကိုယ်အတွက် ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးပါတယ်။ ဒါပေမဲ့ နေ့ခင်း ၂ နာရီ နောက်ပိုင်းမှာ သောက်မယ်ဆိုရင်တော့ ကော်ဖီထဲက ကာဖိန်းဓာတ်ကို ကောင်းစွာမချေဖျက်နိုင်တော့ဘဲ အသားအရည်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ကော်ဖီအစား ရေ သို့မဟုတ် သစ်သီးဖျော်ရည်အစားထိုးသောက်သုံးနိုင်ပါတယ်။

၂။ အိပ်ရာခင်းနဲ့ မျက်နှာသုတ်ပုဝါများကို မှန်မှန်လဲပေးပါ

အသားအရည်ကျန်းမာရေးက သင့်အိပ်ရာခင်းနဲ့ မျက်နှာသုတ်ပုဝါ သန့်ရှင်းမှုပေါ်မှာ များစွာမူတည်နေပါတယ်။ အကယ်၍အိပ်ရာခင်းတွေ မျက်နှာသုတ်ပုဝါတွေ ညစ်ပတ်နေမယ်ဆို ဘက်တီးရီးယားများ ပေါက်ဖွားနိုင်ပြီး သင့်အသားအရည်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ သင်က အဆီပြန်တတ်တဲ့အသားအရည်ရှိတယ်ဆိုရင် သုံးရက်တစ်ခါလောက် အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို လဲပေးပါ။ ဒါမှမဟုတ် ခြောက်သွေ့တဲ့ အသားအရည်၊ ပုံမှန်အသားအရည်ကို ပိုင်ဆိုင်ထားတယ်ဆိုရင် တစ်ပတ်တစ်ခါလဲပေးရင် လုံလောက်ပါတယ်။

၃။ အာရှအလှကုန်ပစ္စည်းများနဲ့ အနောက်တိုင်းအလှကုန်ပစ္စည်းများ

အသားအရည်ဖြူစင်ဝင်းပဖို့အတွက်ဆိုရင်တော့ ဂျပန်နဲ့ ကိုရီးယားကထုတ်တဲ့ အလှကုန်ပစ္စည်းများ၊ အစိုဓာတ်ထိန်းပေးတဲ့ ခရင်မ်များကို အသုံးပြုသင့်ပြီး၊ အရေးအကြောင်းများ ဖယ်ရှားဖို့နဲ့ အသားအရည်တင်းရင်းလှပချင်သူများအတွက်ကတော့ အမေရိကန်နိုင်ငံနဲ့ ဥရောပနိုင်ငံများက ထုတ်တဲ့ အလှကုန်များက အကောင်းဆုံးပါပဲ။

၄။ အလှပြင်တဲ့အခါ အလှကုန်တစ်မျိုးလိမ်းပြီးတိုင်း အချိန်အနည်းငယ်ပေးပါ

ဥပမာအနေနဲ့ Primer လိမ်းပြီးသွားရင် ဖောင်ဒေးရှင်းတန်းမလိမ်းသေးဘဲ အသားထဲကို စိမ့်ဝင်သွားအောင်လို့ ၅ မိနစ်၊ ၁၀ မိနစ် စောင့်ပေးပါ။ အဲ့လိုစောင့်နေတဲ့အချိန်မှာ မနက်စာ စားတာပဲဖြစ်ဖြစ်၊ အဝတ်အစားလဲတာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

၅။ တစ်နေ့ထက်တစ်နေ့ စောစောအိပ်ပါ

အင်္ဂါနေ့မှာ အိပ်ရာဝင်တဲ့အချိန်က တနင်္လာနေ့ထက် ၁၀ မိနစ်စောအိပ်ပါ။ ကျန်တဲ့ရက်တွေလည်း အဲ့ဒီနည်းအတိုင်းပဲ ဆယ်မိနစ်စီ စောအိပ်ပေးမယ် ဆိုရင် အသားအရည် ကျန်းမာနုပျိုနေတာကို သိသိသာသာတွေ့မြင်ရမှာပါ။

Source: Brightside.me