ဒီနေ့ ပြောပြပေးမယ့် အကြောင်းအရာကတော့ ဆင်းရဲတဲ့ဘဝကနေ ရုန်းကန်လှုပ်ရှားပြီး ကမ္ဘာကျော်လာတဲ့ ပုဂ္ဂိုလ်တွေအကြောင်းပါ။ တချို့လူတွေက ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်ပေမဲ့ တချို့ပုဂ္ဂိုလ်တွေကတော့ အနည်းငယ် စိမ်းနေသေးမယ်ထင်ပါတယ်။

(၁) Leonardo Dicaprio

ရုပ်ရှင်ပရိသတ်အားလုံးနီးပါး Leonardo ကြိုက်ကြတယ်။ ချစ်ကြတယ်။ သူရဲ့ဘဝဟာ ခတ်ခဲကြမ်းတမ်းခဲ့ပါတယ်။ ထောက်ပံ့ပေးမယ့် နောက်ခံအင်အားကလည်း သိပ်မရှိခဲ့ပါဘူး။ “ကျွန်တော်ဟာ ဆင်းဆင်းရဲရဲ ကြီးပြင်းလာခဲ့ရတဲ့သူပါ။ ကျွန်တော်နေခဲ့တဲ့ ပတ်ဝန်းကျင်မှာ ရာဇဝတ်မှုတွေ အချိန်တိုင်းဖြစ်နေသလို မှုးယစ်ဆေးဝါးတွေလည်း နေရာတိုင်းမှာရှိနေခဲ့တာပါ” လို့ Leonardo ကပြောခဲ့ပါတယ်။ ယနေ့မှာတော့ Hollywood နဲ့ ရုပ်ရှင်ပရိသတ်တွေက သူ့ကိုလေးစားနေကြရပါပြီ။

(၂) Scarlett Johansson

သူမဟာ မကြာသေးခင်ကမှ ကမ္ဘာ့သရုပ်ဆောင်ကြေးအများဆုံး အမျိုးသမီးသရုပ်ဆောင်အဖြစ် မှတ်တမ်းဝင်ထားတဲ့သူပါ။ ဒါပေမယ့် သူမရဲ့ဘဝက လွယ်လွယ်နဲ့ ဒီခြေအနေကို ရောက်လာခဲ့တာမဟုတ်ပါဘူး။ သူမရဲ့မိဘတွေဟာ ဝင်ငွေနည်းနည်းနဲ့ ကလေး ၄ ယောက်ကို ကျွေးမွေးပြုစုနေခဲ့ရတာပါ။ အခုသူမရဲ့ သရုပ်ဆောင်ပါရမီ၊ အလုပ်ကြိုးစားမှုတွေကြောင့် မိသားစုအခြေအနေဟာ အဆင်ပြေနေပါပြီ။

(၃) Chris Pratt

Chris Pratt ရဲ့ ဘဝခရီးလမ်းက အတုယူစရာကောင်းပါတယ်။ သူဟာ အိမ်ခြေယာမဲ့ ဖြစ်ခဲ့ဖူးပြီးတော့ သူများရဲ့စားကြွင်းစားကျန်တွေကို စားခဲ့ရဖူးပါတယ်။ နောက်ပိုင်းမှာတော့ စာရေးဆရာ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ နောက်နှစ်အနည်းငယ်မှာပဲ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်လာခဲ့တာပါ။

(၄) Justin Bieber

Justin Bieber ဟာ ငယ်စဉ်က ချမ်းသာခဲ့သူမဟုတ်ပါဘူး။ သူ့အမေက ဆိုဒါသောက်ချင်ပေမယ့် ပိုက်ဆံချွေတာရတဲ့အတွက်ကြောင့် ဆိုဒါအစား ရေပဲသောက်ခဲ့ရတယ်လို့ Bieber ကပြောဖူးပါတယ်။ အခုတော့ သူဟာ ကမ္ဘာ့အချမ်းသာဆုံး လူငယ်တွေစာရင်းမှာတောင် ဝင်နေပါပြီ။

(၅) Eminem

Eminem ရဲ့ဘဝခရီးလမ်းကတော့ အတော်ကိုကြမ်းတမ်းခဲ့တယ်လို့ ပြောလို့ရပါတယ်။ သူကြီးပြင်းလာခဲ့စဉ်အခါတုန်းက ဘာမှကို မပိုင်ဆိုင်ခဲ့တာပါ။ သူဟာ ကားနောက်တွဲယာဉ်မှာနေခဲ့ရပြီး ပိုက်ဆံဆိုလို့ တပြားမှကို မရှိခဲ့တဲ့အခြေအနေတွေတောင် ရှိခဲ့ဖူးပါတယ်။ အခုတော့ သူဟာ အောင်မြင်ကျော်ကြားတဲ့ ရပ်(ပ်)ပါအဆိုတော်ကြီးတစ်ယောက်ဖြစ်နေပါပြီ။

(၆) Nicki Minaj

Nicki Minaj ဟာ အခုတော့ ချမ်းသာပြီး သူမလိုချင်တာ ဝယ်လို့ရနေပါပြီ။ မကြာသေးခင်ကမှ သူမဟာ ဟစ်ဟော့ လောကမှာ ဝင်ငွေအများဆုံး အမျိုးသမီး အဆိုတော်ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် သူမဟာ ဒီလိုအခြေအနေ ရောက်ဖို့အတွက် ရုန်းကန်လှုပ်ရှားခဲ့ရပါတယ်။ သူမဟာ Red Lobster စားသောက်ဆိုင်မှာ စားပွဲထိုးအဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။