အားလုံးပဲ မင်္ဂလာပါနော်။ ဒီတခါမှာတော့ ဖက်ရှင်ကိုလည်း ချစ်တယ်။ လိမ္မော်ရောင်ကိုလည်းချစ်တဲ့ ကောင်မလေးတွေအတွက်ပါ။ လိမ္မော်ရောင်ကို ကြိုက်ကြတဲ့ မိန်းကလေးတွေက နွေးထွေးတတ်ကြပြီး အကောင်းမြင်တတ်သူတွေသာမဟုတ်ဘဲ နဂိုအတွင်းစိတ်လေးတွေ လှကြသူတွေလည်း ဖြစ်ပါတယ်။

စိတ်ရှည်သည်းခံတတ်ပြီး ပွင့်ပွင့်လင်းလင်းရှိလို့ သူငယ်ချင်းအပေါင်းအသင်း အစုံအလင်လည်း ရှိကြပါတယ်။ သဘာဝအလျောက် Extrovert တွေဖြစ်ကြလို့ တစ်ယောက်တည်း ဘယ်လိုမှမနေတတ်ကြပါဘူး။

ယုံကြည်မှုပြင်းထန်ပြီး ဆုံးဖြတ်ချက်ခိုင်မာသူတွေဖြစ်ကြပေမယ့်လည်း အနီရောင်ကြိုက်ကြသူတွေထက်စာရင်တော့ သိပ်ပြီးမပြင်းထန်ကြပါဘူး။ သင်က လိမ္မော်ရောင် သဘောကျကြောင်းကို လိမ္မော်ရောင် ဝတ်စုံလှလှလေးတွေနဲ့ ကိုယ်စားပြုနိုင်ပါတယ်။

ဒီတော့ နမူနာအနေနဲ့ အနုပညာရှင်တို့ရဲ့ လိမ္မော်ရောင်ဖက်ရှင်တွေကို ကြည့်လိုက်ရအောင်နော်-

Image Source: Pinterest