အနုပညာရှင်အများစုက လက်တွေ့ဘဝနဲ့ စင်မြင့်ထက်ကပုံရိပ်ကို မတူအောင် ခွဲခြားထားလေ့ရှိပါတယ်။

လူမြင်ကွင်းမှာ ပေါ်လာတဲ့အချိန်ဆို လူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့အတွက် ထူးထူးခြားခြား အ၀တ်အစားတွေ ဝတ်လေ့ရှိပေမယ့် ကျန်တဲ့အချိန်အများစုကတော့ ဘယ်လိုပုံစံလဲဆိုတာကို သူတို့ရဲ့အကြီးဆုံးပရိသတ်တွေပဲ သိကြပါတယ်။

Idol တွေက စင်ပေါ်မှာနဲ့လက်တွေ့ဘဝတွေမှာ ဘယ်လိုပုံစံနဲ့ ကွဲပြားနေလဲဆိုတာ ဖော်ပြလိုက်ပါတယ်…

Nicki Minaj

ဝတ်စားဆင်ယင်မှုကို အထူးဂရုတစိုက် စီစဉ်လေ့ရှိတဲ့ နာမည်ကျော် အမေရိကန် ဟစ်ဟော့အဆိုတော် Nicki Minaj ကတောက်ပတဲ့အသွင်အပြင်နဲ့ လူအများရဲ့အာရုံစိုက်မှုကို ဆွဲဆောင်လေ့ရှိပေမယ့် လက်တွေ့ဘဝမှာတော့ သူမက ရိုးရှင်းတဲ့အဝတ်အစားများကိုသာ နှစ်သက်တဲ့သူပါ။

Marilyn Manson

ရော့ခ်ဂီတကို နားမထောင်တဲ့သူတွေတောင် အကျွမ်းတဝင်ရှိစေတဲ့ Gothic ရုပ်ပုံကို တီထွင်ခဲ့တဲ့ Marilyn Manson ရဲ့ ပုံမှန်နေ့ရက်တွေမှာတော့ သာမန်လူတွေကို အံသြစေရတာမျိုး မရှိစေပါဘူး။

Katy Perry

ရေပန်းအစားဆုံး ပေါ့ပ်အဆိုတော်တွေထဲက တစ်ဦးဖြစ်တဲ့ Katy Perry က ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်လို ဝတ်စားဆင်ယင်မှုတွေကြောင့် နာမည်ကြီးလာခဲ့ပေမယ့် သူမရဲ့ ပုံမှန်ဘ၀မှာ လက်တွေ့ကျတဲ့အဝတ်အစားတွေကို ပိုနှစ်သက်ပြီး မိတ်ကပ်မပါဘဲတဲ့မျက်နှာကို လူတွေမြင်ရမှာကို မကြောက်ပါဘူး။

Lady Gaga

ဝတ်ထားတဲ့ ဝတ်စုံအသစ်တိုင်းက လူတိုင်းကို အံ့အားသင့်သွားစေပြီး “ဒီလိုမျိုး ဘယ်လိုမျိုး ဖန်တီးနိုင်မှာလဲ” လို့ မေးခဲ့ရတဲ့ Lady Gaga က လက်တွေ့ဘဝမှာတော့ လေဒီဂါဂါကို လူအုပ်ကြီးထဲမှာ သတိထားမိဖို့တောင် တော်တော်ခက်သွားနိုင်တယ်။ သူမက ဖျော်ဖြေဖို့ မလိုအပ်တဲ့ နေ့ရက်တွေမှာ အားကစားဝတ်စုံဝတ်ရတာကို ပိုနှစ်သက်ပါတယ်။

Taryn Manning

Orange Is the New Black ဇာတ်ကားမှာ ကြောက်စရာကောင်းတဲ့သွားတွေနဲ့အတူ ကြောက်စရာကောင်းအောင် သရုပ်ဆောင်ခဲ့တဲ့  Taryn Manning က လက်တွေ့ဘဝမှာတော့ သူမရဲ့ကာရိုက်တာထက် ပိုမိုဆွဲဆောင်မှုရှိတဲ့ မင်းသမီးတစ်ယောက်ပါ။

Jason Momoa

Game of Thrones မှာ Khal Drogo ကို သရုပ်ဖော်ထားတဲ့ Jason Momoa က ဖန်သားပြင်ပေါ်မှာတော့ အမှန်တကယ် တင်းကျပ်ပြီး အစွမ်းထက်တဲ့လူပါ။  ဒါပေမယ့် တကယ်တော့ Momoa က ဗုဒ္ဓဘာသာကို စွဲစွဲမြဲမြဲ ကိုးကွယ်သူဖြစ်ပြီး ကြင်နာနူးညံ့တဲ့သူတစ်ယောက်ပါ။