မကြောက်မရွံ့နဲ့ ဆန်းဆန်းပြားပြားတွေလုပ်ပြီး လူရှေ့ထွက်ပြတတ်တဲ့ Celebrity တွေကိုဆို ကျွန်မတို့အားလုံးချစ်ကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ သင်ဘယ်တော့မှ မေ့လို့ရမှာမဟုတ်တဲ့ Celebrity တွေရဲ့ ပွဲတက်ဖက်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။ တစ်ပုံချင်းစီထောက်ကြည့်လိုက်ကြပါဦး။
၁။ Miley Cyrus
Source: IMDb
(၂၀၁၅) ခုနှစ်တုန်းက MTV Video Music Awards ပွဲကို တက်ရောက်လာတဲ့ Miley Cyrus ရဲ့ဖက်ရှင်ပါ။ တော်တော်လေးကြိုးကြိုးစားစား ဖုံးကွယ်လိုက်ရမယ့်ပုံပါပဲ Miley ရယ်။
၂။ Katy Perry
Source: Popsugar
(၂၀၁၀) Met Gala ပွဲကိုတက်ရောက်လာတဲ့ Katy ကတော့ သူ့အင်္ကျီမှာမီးတွေကိုပါ ဆင်ခဲ့ပါတယ်။
၃။ Paris Hilton
Source: Harper’s Bazaar
အမြဲဖက်ရှင်ကျကျနေတတ်တဲ့ Hilton လေးကို ဒီလိုအင်္ကျီမျိုးဖန်တီးပေးလိုက်တာကတော့ ဒီဇိုင်နာရဲ့အမှားလို့ပဲထင်ပါတယ်။
၄။ NIcki Minaj
Source: Popsugar
အဆင်ပြေပါရဲ့လား Nicki ရယ်။
၅။ Lady Gaga
Source: Boulder Weekly
အမြဲတမ်းအဆန်းတွေကြီးပဲ လုပ်တတ်တဲ့ Lady Gaga ကလည်း ဒီတစ်ခါဘယ်အသားဆိုင်က အသားတွေကိုဆွဲလာပြန်ပြီလဲလို့ မေးစရာဖြစ်ခဲ့ပါတယ်။
၆။ Lara Flynn boyle
Source: TicketsMove
ဘဲလေးကချေသယ်တွေရဲ့ ဝတ်စုံကိုဆိုလူတိုင်းကကြိုက်ကြပါတယ်။ သို့ပေမဲ့လည်း အပေါ်အင်္ကျီကို ယောကျာ်းဝတ်စွတ်ကျယ်နဲ့မခြားချုပ်ပေးလိုက်တာကြီးကတော့ မကောင်းဘူးလေနော်။
၇။ Bjork
Source: Alchetron
ဘဲလား၊ ငန်းလားတစ်ခုခုကို လည်ပင်းမှာအမြဲသယ်ထားရပြန်လေတော့ …
၈။ Celine Dion
Source: timesnownews.com
စတိုင်ရှိမှ စတားဖြစ်တာဆိုပေမဲ့လည်း …
၉။ Beyonce
Itty-bitty mini skirts တွေခေတ်စားခဲ့တဲ့ခေတ်ကို Beyonce လည်းအမီလိုက်ခဲ့ပါတယ်။ သို့ပေမဲ့လည်း အတွဲအစက်က ဟန်မကျလေတော့ …
၁၀။ Rihanna
Source: Milliyet
ထိုင်ရ၊ ထရ Ok ပါရဲ့လား Rihanna?
၁၁။ Solange
Source: harpersbazaar.com
ကိုယ်အဆင်ပြေရင် ပြီးတာပါပဲ …
၁၂။ Lil Kim
Source: Jennifer Lopez
ကြိုးကြိုးစားစား ဖုံးကွယ်ထားတဲ့ Lil Kim
၁၃။ Rita Ora
Source: Rediffmail
ရေချိုးခန်းထဲကထွက်ထွက်ချင်း ဒေါက်မြင့်ဖိနပ်လေးတစ်ရံလောက် ကောက်ဝတ်လိုက်လည်း ကိုယ်တွေကလန်းနေတုန်းပါပဲ။
၁၄။ Z Lala
Source: octopodalmotion.com
ရေဘဝဲနဲ့အတူတကွ ပွဲတက်လာတဲ့ ရေအောက်ကမ္ဘာက ဘုရင်မ
Source: ew.com