မင်္ဂလာပါ…. ပျိုမဒီတို့ရေ…. အပြင်မှာ ရာသီဥတုက အရမ်းပူနေပြီနော်။ နေ့ရက်တွေက ပိုပူလာပြီး ပူလာတာနဲ့အမျှ အပြင်သွားတဲ့အခါ သက်တောင့်သက်သာရှိစေတဲ အဝတ်အစားများကို ရွေးချယ်သင့်ပါတယ်။ နွေရာသီဖက်ရှင်ရဲ့ ခေတ်ရေစီးကြောင်းများစွာထဲမှာ စတိုင်ကျတဲ့ အတွဲအဖက်လေးတွေ အများကြီးရှိတာမလို့ ကိုယ်နဲ့လိုက်ဖက်ပြီး ပေါ့ပေါ့ပါးပါးဖြစ်စေတဲ့ ဖက်ရှင်များကို ရွေးချယ်လို့ရပါတယ်

ပြီးပြည့်စုံတဲ့ Outfits ဖြစ်စေဖို့က အဝတ်အစားတစ်ခုထဲနဲ့ မလုံလောက်ပါဘူးနော်။ သူနဲ့လိုက်ဖက်တဲ့ Accessories လေးတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှ ပြည့်စုံတဲ့ဖက်ရှင် ဖြစ်စေမှာပါ။

Chain Necklaces

ဝတ်စုံက အရမ်းရိုးရှင်းလွန်းနေရင် အများကြားမှာပေါ်လွင်စေဖို့ Chain Necklaces လေးကို တွဲဖက်လိုက်ပါ။

Statement Earrings

တစ်ခုထဲနဲ့ ရိုးရှင်းတဲ့ Outfits တစ်ခုကို အမိုက်စားတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်တာက နားကပ်ပါ။

ပုလဲဆွဲကြိုး

ပုလဲကြိုးမျှင်လေးက ကိုယ်ပိုင်အလှတရားကို ဖော်ကျူးပေးနိုင်ပြီး ဘယ်တော့မှမရိုးတဲဖက်ရှင်ပါ။

အိတ်

ညစာစားဖို့ ဒါမှမဟုတ် တစ်နေကုန်လှုပ်ရှားသွားလာရမယ်ဆိုရင်တော့ ဆွဲဆောင်မှုရှိတဲ့ ပိုက်ဆံအိတ်ကို ပညာရှိစွာရွေးချယ်ပါ။

Big Hat

ဦးထုပ်ကြီးကြီးတစ်လုံးက ဖက်ရှင်အတွက်လည်း ထောက်ပံ့ပေးသလို နေပူဒဏ်ကလည်း ကာကွယ်ပေးနိုင်ပါတယ်။

Scarf

Scarf တစ်ထည်က အေးတဲ့အချိန်ဘဲ အသုံးဝင်တယ်လို့ထင်တတ်ကြပေမယ့် ပူတဲ့နွေရာသီမှာလည်း သုံးလို့ရပါတယ်။ အိတ်မှာချည်တာ ၊ ခေါင်းမှာစည်းတာ စသဖြင့် ဖက်ရှင်တစ်ခုအနေနဲ့ ဖန်တီးလို့ရပါတယ်။

Sunglasses

မျက်လုံးကျန်းမာရေးအတွက်ကော ဖက်ရှင်အတွက်ပါ မရှိမဖြစ်အရေးကြီးတာက မျက်မှန်ပါ။

Source: instyle