ဖက်ရှင်ရေစီးကြောင်းဆိုတာ ရာသီအလိုက် ပြောင်းပါတယ်။ ခေတ်ရေစီးနဲ့ အညီ ဝတ်တတ်မယ်ဆို အလိုလို ဖက်ရှင်ကျပါတယ်။ မကြာခင်မှာ ဆောင်းတွင်းဝင်လာတော့မှာ ဖြစ်လို့ ဆောင်းရာသီမှာ ပေါ့ပေါ့ပါးပါး ဝတ်လို့ကောင်းမယ့် အမျိုးသား Casual ဖက်ရှင်စတိုင်တစ်ချို့ကို မျှဝေချင်ပါတယ်။

(၁) Vest

Photo: DMARGE

Vest တွေဟာ အမျိုးသားတွေရဲ့ ရင်အုံအလှ ပေါ်စေပြီး ခါးကိုပါ သွယ်ပြီး ပုံကျအောင် ကူညီပေးနိုင်ပါတယ်။ Vest တွေကို ရှပ်လက်ရှည်အပေါ်မှာ ထပ်ပြီး ဝတ်ရတာ ဖြစ်ပါတယ်။ ရှပ်လက်ရှည်ပြောင်ကာလာဆို ပိုကောင်းပါတယ်။ ဆောင်းရာသီလို အအေးပိုနေတဲ့အချိန်မျိုးမှာ နွေးလည်းနွေး စမတ်လည်းကျစေမယ့် ဖက်ရှင် ဖြစ်ပါတယ်။

(၂) Jackets

Photo: Business Insider

ဂျက်ကတ်တွေဟာ ဆောင်းရာသီမှာ မပါမဖြစ် ဝတ်စုံဖြစ်ပါတယ်။ အမျိုးသားတွေနဲ့ အလိုက်ဖက်ဆုံး ဂျက်ကတ်အမျိုးအစားတစ်ခုက လယ်သာဂျက်ကတ်ဖြစ်ပါတယ်။ မရိုးနိုင်တဲ့ ဖက်ရှင်တစ်ခု ဖြစ်ပြီး Casual စတိုင်မှာ လယ်သာဂျက်ကတ် ၊ Bomber ဂျက်ကတ်နဲ့ Jeans ဂျက်ကတ်တွေ ထည့်မတွက်လို့လည်း မဖြစ်ပါဘူး။

(၃) ကာလာ

Photo: Standout

နှင်းမှုန်တွေနဲ့ အေးစိမ့်စိမ့် ဆောင်းတွင်းမှာ အရောင်တွေကို အသုံးချတတ်ခြင်းက ကိုယ့်ဖက်ရှင်ကို ပိုပြီးသားနားစေမှာပါ။ Casual ပဲ ဝတ်ဝတ် ဟိုးနားသည်နား သပ်သပ်ရပ်ရပ် ဝတ်ပြီး သွားချင်ရင်ပဲ ဖြစ်ဖြစ် အရောင်ကိုလည်း ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဆောင်းရာသီမှာ အညို ၊ လိမ္မော် ၊ ကာကီစိမ်းလို ကာလာခပ်ရင့်ရင့်လေးတွေ ရွေးချယ်ပေးသင့်ပါတယ်။

(၄) Monochrome ဝတ်စုံလေးတွေ

Photo: Elanstreet

Casual စတိုင်မှာ ဘာပဲဝတ်ဝတ် သက်တောင့်သက်သာဖြစ်ပြီး စိတ်တိုင်းကျနေဖို့လိုပါတယ်။ ဒီတော့ အခြေခံကျတဲ့ ဝတ်ဆင်မှုစည်းကမ်းတွေ ဖြစ်တဲ့ Well-Fitted ဖြစ်ဖို့ နဲ့ ကာလာအရောင်မရိုင်းဖို့ပါပဲ။ Jeans Pant ပဲ ဝတ်ဝတ် ၊ Chino Pants ပဲ ဝတ်ဝတ် ကာလာဟာ အရိုးခံ Monochrome ကို အခြေခံသင့်သလို စီးတဲ့ Boots ကအစ ကာလာ သိပ်တောက်မနေဖို့ လိုပါတယ်။