သင်က နေရာလှလှလေးတွေ သွားတဲ့အချိန် အရာတစ်ခုကို သတိထားမိပါလိမ့်မယ်။ ဒီအရာကတော့ နေရာလှလှလေးတွေက လူများလေ့ရှိတာပါ။ ပိတ်ရက်တွေ ဆိုရင် ပိုဆိုးပါတယ်။ လှတဲ့ နေရာအများစုက ဓာတ်ပုံရိုက်တဲ့လူ၊ Video ရိုက်တဲ့သူတွေနဲ့ လူတွေ ပြည့်နှက်နေလေ့ရှိပါတယ်။ လူတွေကြားထဲ ဓာတ်ပုံရိုက်ရင် ကိုယ် ပို့စ်ပေးတာကို လူတွေကို မကြည့်စေချင်တဲ့ စိတ်က ရှက်တတ်တဲ့ ပျိုမေတို့မှာ ပုံမှန်ရှိတာပါပဲ။ ဒီတစ်ခေါက်မှာတော့ လူကြားထဲ ရောက်လို့ ပို့စ်ပေးတဲ့အချိန် သိပ်မသိသာစေဘဲ လှလှလေး ဖြစ်စေမယ့် ပို့စ်ပေးနည်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ အင်္ကျီကို ပြန်ပြင်မယ်

သင့်ဘောင်းဘီကို ပြန်ပြင်လိုက်တာ၊ ဒါမှမဟုတ် အင်္ကျီကို အပေါ်ကို ဆွဲတင်လိုက်တာတွေက ဓာတ်ပုံထဲမှာ သဘာဝကျစေကာ Shape ပေါ်သွားစေပါတယ်။ လူကြားထဲ ဆိုရင် ဒီလို အမူအရာလေးတွေက သိပ်ပေါ်ပေါ်လွင်လွင်ကြီး မဟုတ်တော့ပါဘူး။

၂။ ထိုင်ပြီး ကင်မရာကို ဒီအတိုင်းကြည့်ပါ

လူများတဲ့ စားသောက်ဆိုင် ရောက်တဲ့အချိန် သိပ်မကြိုးစားဘဲ ဓာတ်ပုံထဲ လှနေဖို့ သင့်စတိုင်က အထာကျနေဖို့ လိုပါတယ်။ ဒီလိုပဲ လက်အနေအထားကိုတော့ ခွက်တစ်ခွက်ကို ကိုင်နေသင့်ပါတယ်။ ပြီးနောက် ပုံထဲကလို ထိုင်ကာ ကင်မရာကို ဘေးစောင်းလေး ကြည့်နေနိုင်ပါတယ်။

၃။ မျက်မှန်တပ်မယ်

နာမည်ကျော်တွေက အပြင်သွားရင် သိပ်မသိသာအောင် မျက်မှန်တပ်လေ့ရှိပါတယ်။ သင်ကလည်း ဒီလိုလုပ်တာကို နမူနာယူကာ လူကြားထဲ နေကာမျက်မှန် တပ်နိုင်ပါတယ်။ နေကာမျက်မှန်တပ်လိုက်ရင် ကိုယ့်ကို လူတွေ သိပ်မမှတ်မိနိုင်တော့ပါဘူး။

၄။ ဆံပင်ကိုင်မယ်

ဆံပင်လေးကို ကိုင်လိုက်တာက သဘာဝကျတဲ့အပြင် ဓာတ်ပုံရိုက်ဖို့ ပို့စ်ပေးမှန်းတောင် သိပ်မသိသာတော့ပါဘူး။ သက်တောင့်သက်သာ အနေအထားနဲ့ ဆံပင်ကို ကိုင်ဖို့တော့ လိုပါတယ်။

၅။ တခြားဘက်ကြည့်နေမယ်

ဒီပို့စ်ပုံစံကိုတော့ နောက်ခံ Background က လှနေရင် သုံးနိုင်ပါတယ်။ သင့်ကို ဂန္တဝင်ဆန်ဆန် လှစေမှာပါနော်။

၆။ အအေးသောက်နေမယ်

ကင်မရာကို သိပ်ဂရုမစိုက်ဘဲ ထိုင်ကာ တစ်ခုခု လုပ်နေတဲ့ပုံစံလေးကို Public မှာ ဓာတ်ပုံရိုက်နေတဲ့အချိန် သုံးနိုင်ပါတယ်။

၇။ လက်ကို ကင်မရာ Frame အပြည့်နေရာယူမယ်

သင့်လက်ကို ကင်မရာနဲ့အပြည့် ကားလိုက်တဲ့စတိုင်လေးက သဘာဝကျပြီး အလှဆုံး ဓာတ်ပုံကို ရစေနိုင်ပါတယ်။ Public မှာ လုပ်ကြည့်သင့်ပါတယ်။

၈။ ဘောင်းဘီအိတ်ထဲ လက်ထည့်ထားမယ်

သင်က Ootd Style မျိုး ပြချင်ရင် ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ ခပ်မိုက်မိုက် ပို့စ်ပေးနိုင်ပါတယ်။

၉။ လမ်းလျှောက်နေမယ်

လူကြားထဲ ပို့စ်မပေးချင်တဲ့ ပျိုမေတို့အဖို့ လမ်းဖြေးဖြေးလျှောက်နေတဲ့ပုံစံလေးကို ရိုက်ကြည့်သင့်ပါတယ်။

၁၀။ လက်ကလေးကို နောက်ပစ်ထားမယ်

သင်က ခပ်မိုက်မိုက် စတိုင်မျိုး လိုချင်ရင် ဒီလိုလေး ပို့စ်ပေးကြည့်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar