ဘာမှပြင်ထားစရာမလိုဘဲ ရိုးရိုးလေးနဲ့ လှတဲ့ မိန်းကလေးတွေကို သင်မြင်ဖူးမှာပါ။ သူတို့ ဝတ်လိုက်ရင် ဆန်းလွန်းတယ်ထင်ရတဲ့ အဝတ်အစားတွေတောင် ရိုးရိုးလေး ဖြစ်သွားတတ်ပါတယ်။ သင်က ဖက်ရှင်စတိုင်ကျဖို့ ဈေးအကြီးဆုံး အဝတ်အစားတွေနဲ့ အင်္ကျီအများအပြား မလိုအပ်ပါဘူး။ ဘယ်လို တွဲဝတ်ရင် လှမလဲ ဖက်ရှင်နည်းလမ်းတွေကို သိထားဖို့ အရေးအကြီးဆုံးပါပဲ။ ဒီတစ်ခေါက်မှာတော့ ရိုးရိုးရှင်းရှင်း စတိုင်လေးကိုမှ သူများထက် ပိုလှစေမယ့် ဖက်ရှင် အိုင်ဒီယာတွေကို ဖော်ပြလိုက်ပါတယ်။

ဂျင်းပြာ အရှည်နဲ့ တွဲဝတ်နိုင်မယ့် အရောင်တစ်မျိုးကတော့ အပြာထဲက စိမ်းပြာရောင် အင်္ကျီပါပဲ။ ဒီလို အတွဲအစပ်က ကြည့်ရတာ ထူးခြားပြီး စတိုင်ကျတယ် ထင်ရစေပါတယ်။

အပေါ်က ဖက်ရှင်လိုပဲ အညိုရောင် ကိုမှ သူနဲ့ အရောင်ဆင်တူဖြစ်တဲ့ အသားရောင်ကို ဝတ်လိုက်ရင် ရိုးရိုးလေးနဲ့ ဆန်းပြားသွားစေပါတယ်။

အဝါရောင် စကပ်က သင့်အသားအရေကို ပိုဖြူသွားစေနိုင်ပါတယ်။ အပေါ်က အင်္ကျီအရောင်ကို အဝါရောင်နဲ့ ဆင်တူတဲ့ ဆင်စွယ်ရောင် လေးက တွဲဝတ်လိုက်ရင် ထူးထူးခြားခြားလေး ဖြစ်စေနိုင်ပါတယ်။

အဖြူရောင် Tank Top တစ်ထည်ကို ပျိုမေ အများစု ပိုင်ဆိုင်ထားတတ်ကြပါတယ်။ ဒါနဲ့ လိုက်ဖက်တဲ့ တွဲနိုင်မယ့် အရောင်ကတော့ အစိမ်းရောင်ပါ။

သိပ်စဉ်းစားမနေချင်ရင် တစ်ကိုယ်လုံး အဖြူရောင်ဆင်လိုက်တာ အကောင်းဆုံးပါပဲ။ အဖြူရောင် ဂါဝန်လေးက သင့်ကို ပေါ့ပါးသွက်လက်စွာ လှနေစေပါလိမ့်မယ်။

အမည်းရောင် အင်္ကျီလက်ပြတ်နဲ့ လှမယ့် အရောင်တစ်မျိုးကတော့ ပန်းရောင်ပါ။ ပန်းရောင်စကပ်လေးနဲ့ အနက်ရောင်ကို တွဲကြည့်သင့်ပါတယ်။

အင်္ကျီလက်ပြတ်အပွလေးနဲ့ အပြာရောင် ဂျင်းဘောင်းဘီရှည်က ချစ်ဖို့ကောင်းတဲ့ စတိုင် ဖြစ်ပါတယ်။

ထူးထူးခြားခြားလေးနဲ့ လှချင်တဲ့ ပျိုမေတို့ အနေနဲ့ အပေါ် အင်္ကျီနဲ့ တူတဲ့ ဖိနပ် အရောင်ကို ရွေးသင့်ပါတယ်။

ရိုးရိုးလေးနဲ့ လှချင်တဲ့ ပျိုမေတို့အနေနဲ့တော့ အရောင်ဆန်းလေး ဖြစ်တဲ့ ခရမ်းရောင်ကို ဝတ်ကြည့်သင့်ပါတယ်။

လက်ဝတ်ရတနာ

ရိုးရိုးရှင်းရှင်း ဖြစ်ချင်တဲ့ ပျိုမေတို့အနေနဲ့ လက်ဝတ်ရတနာ သေးသေးလေးတွေကို ရွေးဝတ်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar