မြန်မာ မိန်းကလေး အများစုက လုံခြုံတဲ့ Modest Fashion ကို ပိုဦးစားပေး ဝတ်တတ်ကြပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ သင်အကြိုက်တွေ့စေမယ့် လုံလုံခြုံခြုံ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ပုံတွေကို ဖော်ပြပါရစေ။ သင်က ဆံပင်အရှည်လေး ပိုင်ဆိုင်ထားမယ်ဆိုရင် ဖော်ပြပါ ဝတ်ဆင်ပုံတွေက သင်နဲ့ လိုက်ဖက်နေမှာ မလွဲမသွေပါပဲ။

ခါးသေးတဲ့ မိန်းကလေးတွေအနေနဲ့ အပေါ် ခါးစုပြီး စည်းထားတဲ့ Crop နဲ့အတူ ဘောင်းဘီအပွကို ဝတ်ကြည့်သင့်ပါတယ်။ ဒီဖက်ရှင်က သေးတဲ့ သင့်ခါးကို ပိုပေါ်စေပါတယ်။

အရောင်ဖျော့ဖျော့လေး နှစ်မျိုးကို တွဲစပ် ဝတ်လိုက်တဲ့အခါ ရိုးရိုးလေးနဲ့ လှသွားစေပါတယ်။ ညှပ်ဖိနပ်လေးနဲ့ ပေါ့ပေါ့ပါးပါး ဝတ်မယ်ဆိုရင် တည်ငြိမ်ပြီး လှတဲ့ ဆံပင်ရှည်ရှည် ကောင်မလေး ဖြစ်သွားမှာပါ။

သင်က ဆံကေသာ အနက်ကို ပိုင်ဆိုင်ထားမယ်ဆိုရင် အိတ်ကိုလည်း အနက်ရောင် လွယ်သင့်ပါတယ်။ အပေါ် အင်္ကျီအပွနဲ့အတူ ဂျင်းဘောင်းဘီရှည် အပြာက သင့်အလှကို ပံ့ပိုးပေးပါလိမ့်မယ်။

သင်က စတိုင်ကျကျ လှချင်တယ်ဆိုရင် ဖိနပ် အရောင်နဲ့ အင်္ကျီအရောင်ကို တွဲတာကလည်း အိုင်ဒီယာ ကောင်းပါ။

အပေါ်နဲ့အောက်ကို ရိုးရိုးရှင်းရှင်း ဝတ်မယ်ဆိုရင် သင့်ဆံပင်ရှည်ကို ရှေ့ချထားသင့်ပါတယ်။ ဒီလိုဆိုရင် ဘာမှ အပို ထပ်ဝတ်စရာ မလိုတော့ပါဘူး။

အပေါ်ဘက် အင်္ကျီကို ခန္ဓာကိုယ်နဲ့ တစ်ထပ်တည်း ဖြစ်တဲ့ Blouse ဝတ်မယ်ဆိုရင် အောက်ဘက် ဘောင်းဘီကို အပွဝတ်သင့်ပါတယ်။ ခန္ဓာကိုယ် ကောက်ကြောင်းရှိတဲ့ ဆံပင်ရှည်ရှည် မိန်းကလေးတွေ ဝတ်ကြည့်သင့်ပါတယ်။

သင်က ဆံပင်ရှည်ရှည်နဲ့ ယောက်ျားဆန်ဆန် ဖက်ရှင်ကို သဘောကျရင် ဒီပုံစံကို ဝတ်သင့်ပါတယ်။ သင်က အလုပ်လုပ်နေတဲ့ Business Lady ဆိုရင် ဒီဖက်ရှင်က ကွက်တိပါပဲ။

အခုနောက်ပိုင်း Online Shop တွေမှာ အရောင်းများလာတဲ့ အပေါ်ထပ်ပါ တစ်ခါတည်း ပါတဲ့ အင်္ကျီကလည်း ဆံပင်ရှည်ရှည် မိန်းကလေးတွေနဲ့ လိုက်ဖက်ပါတယ်။

Ivory Color ဘောင်းဘီရှည်လေးတွေက ဆောင်ထားသင့်တဲ့ ဘောင်းဘီတွေထဲ ပါပြီး အပေါ်က ဘယ်လိုအင်္ကျီနဲ့ ဝတ်ဝတ် လိုက်ဖက်သွားတတ်ပါတယ်။

ဆံပင်ရှည်ရှည် မြန်မာ မိန်းကလေးတွေအနေနဲ့ ရိုးရိုးရှင်းရှင်း ဖြစ်ချင်ရင် ဆွဲကြိုးကို သေးသေးလေးနဲ့ ပါးပါးလေး ဝတ်ဆင်ကာ အပေါ်ထပ် အပါးနဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်က အလှဆုံး ဖြစ်စေမှာ မလွဲမသွေပါပဲ။

အညိုရောင် အရောင်ငြိမ်ငြိမ်လေးကို နှစ်သက်တဲ့ မိန်းကလေးတွေ ဝတ်ကြည့်သင့်တဲ့ Outfit ပုံစံ

Photo Source: Pinterest

by MyStyle Myanmar