လူငယ်ကောင်မလေးတွေအတွက် ကိုရီးယားစတိုင်လေးနဲ့ ချစ်ဖို့ကောင်းနေစေမယ့် ပေါ့ပေါ့ပါးပါး ဘောင်းဘီအရှည်ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ပူပြင်းတဲ့ရာသီဥတုမျိုးမှာ ဝတ်မယ်ဆိုရင်လည်း အရမ်းအဆင်ပြေတဲ့ ဖက်ရှင်လေးတွေပါ။

ဒီလိုဘောင်းဘီအပွလေးတွေက ဝတ်ရတာ အရမ်းသက်တောင့်သက်သာဖြစ်ပြီး ပေါ့ပါးမှုလည်း ရှိစေပါတယ်။ ပူပြင်းတဲ့အချိန်မှာဆိုရင် ကြိုးတစ်လုံးလေးတွေနဲ့သာ ဒီလိုတွဲဝတ်ပါ။

ဘောင်းဘီအရှည်အကားလေးတွေကို ဒီလိုတွဲဝတ်တာမျိုးက ကိုရီးယားမလေးတွေ ဝတ်နေကျပုံစံလေးဖြစ်ပြီး ချစ်ဖို့လည်းကောင်းပါတယ်။

ဘောင်းဘီအရှည်အကားလေးတွေကို တီရှပ်အပွလေးတွေနဲ့ တွဲဝတ်တာလည်း ပေါ့ပါးမှုရှိပြီး သက်တောင့်သက်သာဖြစ်စေမှာပါ။

ရုံးသွားကျောင်းသွားအတွက် အဆင်ပြေသလို ထသွားထလာအတွက်လည်း အဆင်ပြေတဲ့ ကိုရီးယားစတိုင်လ်ဖက်ရှင်လေးပါ။

ဒီဖက်ရှင်လေးဆိုရင်လည်း ရှင်းရှင်းလေးနဲ့ ပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းနေမှာ သေချာပါတယ်။ ဘယ်လိုရာသီဥတုမျိုးမှာပဲဖြစ်ဖြစ် ဝတ်လို့အဆင်ပြေပါတယ်။

ဒီလိုဘောင်းဘီအရှည်ကို ကြိုးတစ်လုံးတွဲဝတ်တဲ့ ဒီလိုစတိုင်လ်လေးကလည်း ပေါ့ပါးမှုရှိပြီး စတိုင်လ်ကျစေပါတယ်။ ရာသီဥတုပူရင် ဒီလိုလေးတွေဝတ်ကြည့်ပါ။

ဘောင်းဘီအဖြူလေးကို အနီရောင်နဲ့တွဲဝတ်တာမျိုးက ထင်းပြီး အရမ်းလိုက်ဖက်ပါတယ်။ ဒီဖက်ရှင်လေးဆိုရင် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို ရာသီဥတုပူရင်လည်း ဝတ်လို့အရမ်းကောင်းပါတယ်။

ကိုရီးယားမလေးတွေ ဝတ်နေကျဖြစ်တဲ့ Freestyle ပုံစံလေးပါ။ ရှင်းရှင်းလေးနဲ့ အထာကျပြီး မိုက်ပါတယ်။

ဘောင်းဘီအပွကို လက်ပြတ်အင်္ကျီလေးတွေနဲ့ ဒီလိုတွဲဝတ်တာလည်း ချစ်ဖို့ကောင်းပြီး လွတ်လပ်ပေါ့ပါးမှုရှိစေမယ့် ကိုရီးယားစတိုင်လ်လေးပါ။

ဒီဖက်ရှင်လေးကတော့ နွေရာသီဖက်ရှင်လေးအဖြစ် ဝတ်မယ်ဆိုရင် အရမ်းလိုက်ဖက်သလို ကမ်းခြေဖက်ရှင်အဖြစ်နဲ့ ဝတ်မယ်ဆိုလည်း အရမ်းလိုက်ဖက်ပါတယ်။

Photo source:www.pinterest.com