သင့်ဖက်ရှင်စတိုင်ကို ပြောင်းလဲစေမယ့် အရာတွေထဲမှာ ဆံပင်စတိုင်လည်း ပါဝင်ပါတယ်။ ကိုယ်ဝတ်တဲ့ အဝတ်အစား စတိုင်အလိုက် ဆံပင်ကို ပြောင်းတတ်တာကလည်း ပညာတစ်ခုပါပဲ။ ကိုယ့်ဆံပင်က ပိုလှနေရင် ကိုယ့်အဝတ်အစားစတိုင်ကိုပါ ပံ့ပိုးပေးနိုင်ပါတယ်။ သင်က နေ့ရက်အများစုမှာ ဆံပင်ပဲ ချနေမယ်ဆိုရင် ဒါက ကြာလာရင် ရိုးအီဖွယ် ဖြစ်လာနိုင်ပါတယ်။ အခုဖော်ပြထားတဲ့ ဆံပင်စတိုင်တွေကတော့ Barbie အရုပ်ကလေး တစ်ရုပ်လို သင့်ကို ပိုချစ်စရာကောင်းစေမယ့် ဆံပင်စတိုင်တွေ ဖြစ်ပါတယ်။ ဒီဆံပင်စတိုင်တွေနဲ့အတူ မိတ်ကပ်လှလှလေးပါ ပြင်လိုက်ရင် အလှဆုံး ဖြစ်သွားမှာပါ။ ဒီတော့ ကြည့်လိုက်ရအောင်နော်

ဆံပင်ကို နောက်ဘက်စုထားကာ ရှေ့အနည်းငယ် ချလိုက်တဲ့စတိုင်က လူငယ်ဆန်ဆန် အင်္ကျီလက်ပြတ် အဝတ်အစားတွေနဲ့ လိုက်သလို မြန်မာဝတ်စုံတွေနဲ့လည်း လိုက်ဖက်ပါတယ်။


ရှေ့ဘက် Bang ကို ဖြောင့်စက်နဲ့ ပုံသွင်းပြီး ကွေးကွေးလေး ထားတာက ဂါဝန်အရှည်လေး ဝတ်လိုက်ရင် ပိုလှသွားမှာပါ။


ဆံပင်ကို နောက်ဘက် အမြင့်စည်းကာ ရှေ့ဘက် ဆံပင်တွေကို ကပိုကယိုလေး ချထားတဲ့စတိုင်က လူငယ်မိန်းကလေးတွေနဲ့ လိုက်ဖက်မှာပါ။


နောက်ဘက် စုပြီး ဆံပင်ကို အပြောင်သိမ်းတဲ့စတိုင်က တည်ငြိမ်ရင့်ကျက်တဲ့ ပျိုမေတို့နဲ့ အလိုက်ဖက်ဆုံး ပါပဲ။

ရှေ့ဆံပင်ကို ကောက်ထားကာ နောက်ဘက် နှစ်ဘက်စုစည်းလိုက်တာက သင့်ကို သက်ရှိ Barbie လေး ဖြစ်စေပါလိမ့်မယ်။


ဆံပင်ကို အပေါ်ဖောင်းဖောင်းလေးလုပ်ပြီး ရှေ့နှစ်ဘက်ချတဲ့ စတိုင်


ဆံပင်ကို အပြောင်သိမ်းပြီး ကျစ်ဆံမြီး နှစ်ဘက်ကျစ်မယ်။


ဆံပင်အပြောင်သိမ်းကာ အမြင့်ထုံးလိုက်တာက သင့်အရပ်ကို ပိုရှည်သွားစေပါလိမ့်မယ်။


ဆံပင်အမြင့်စည်းကိုမှ နှစ်ဘက် ရှေ့ချလိုက်မယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါး လူငယ်စတိုင်ဝတ်တဲ့ ပျိုမေတို့နဲ့ အသင့်တော်ဆုံး ဖြစ်မှာပါ။


ဆံပင်ထုံးထားတာကိုမှ ရှေ့နှစ်ဘက် ချတဲ့စတိုင်က လူငယ်တွေကြား ရေပန်းစားလာတဲ့ စတိုင်ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar