သင်က ချစ်ရတဲ့ Crush ဒါမှမဟုတ် ချစ်သူကောင်လေးနဲ့ First Date မှာ ဘယ်လို အဝတ်အစားဖက်ရှင် မျိုး ဝတ်ခဲ့ဖူးလဲ။ အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် လှတယ်လို့ မြင်နေရတဲ့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့ အဝတ်အစား ဖြစ်ဖို့ လိုပါတယ်။ တွေ့မယ့်နေ့မှ ကိုယ့်စတိုင် မဟုတ်တဲ့၊ ကိုယ်ဝတ်နေကျ မဟုတ်တဲ့ အဝတ်အစား ဖက်ရှင်မျိုးတွေ ရှောင်သင့်ပြီး သူသဘောကျအောင် ဆိုပြီး အတင်း ပြင်သွားတာမျိုးလည်း မလုပ်သင့်ပါဘူး။ ဒီလိုလုပ်တဲ့အခါ သင့်ကိုယ်သင် ယုံကြည်ချက် မရှိဖြစ်ကာ ပေါ့ပေါ့ပါးပါး မဖြစ်ဘဲ စိတ်ကသိကအောင့် ဖြစ်နေနိုင်ပါတယ်။

အသင့်တော်ဆုံး ဝတ်စုံကတော့ ပေါ့ပေါ့ပါးပါးနဲ့ သင်သဘောကျတဲ့ ဖက်ရှင်မျိုး ဖြစ်သင့်ပါတယ်။ ဒါ့အပြင် သူနဲ့ တွေ့ဖို့ တမင်ပြင်ထားတာမျိုး မဖြစ်တဲ့ ဝတ်ဆင်ပုံမျိုးလည်း ဖြစ်သင့်ပါတယ်။ ပြောရမယ်ဆိုရင် အဝတ်အစားနဲ့ သင်က သူငယ်ချင်းအရင်းကြီးလို ဖြစ်နေသင့်ပါတယ်။ ဒီတော့ အမြင်မရိုင်းဘဲ ပေါ့ပေါ့ပါးပါး ဖြစ်တဲ့ First Date Outfit Idea တွေကို ကြည့်လိုက်ရအောင်-

၁။ ကောက်ကြောင်းပေါ်ပြီး ခန္ဓာကိုယ် သွယ်လျတဲ့ ပျိုမေတို့နဲ့ သင့်တော်တဲ့ Sweater လက်ရှည် အကျပ် ဖက်ရှင်

၂။ တီရှပ်ကိုမှ အရောင် အကွပ်လေးတွေနဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်

၃။ ဂါဝန်ပါးပါး အတိုလေး

၄။ ဘယ်တော့မှ မရိုးတဲ့ အဖြူရောင် တီရှပ်နဲ့ ဂျင်းဘောင်းဘီပြာ

၅။ အပေါ်လက်တို ရှပ်နဲ့ စကပ်ဒဲ့သွား အတိုလေးကလည်း ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန် ရှိပါတယ်။

၆။ မိန်းကလေးဆန်ဆန် လှချင်တဲ့ ပျိုမေတို့အတွက်

၇။ ရိုးရိုးရှင်းရှင်းလေးနဲ့ တည်ငြိမ်တဲ့ ဖက်ရှင်ပုံစံ

၈။ ကျော့ရှင်းတဲ့ အဖြူအနက် တွဲစပ်မှု

၉။ ပုံထဲကလို ဆံထုံးထုံးလိုက်တာက ပြင်လွန်းတယ် မထင်ရစေတော့ပါဘူး။

၁၀။ ရာသီဥတု ပူတဲ့ရက်တွေနဲ့ သင့်တော်တဲ့ အင်္ကျီလက်ပြတ် ဖက်ရှင်

၁၁။ ကျော့ရှင်းတဲ့ စကပ်အရှည်နဲ့ အင်္ကျီအနက်လေး

Photo Source: Pinterest

By MyStyle Myanmar