အားလုံးပဲမင်္ဂလာပါနော်။ Skinny (ပိန်ပိန်ပါးပါး) မိန်းကလေးတွေဆိုရင် အဝတ်အစားဝတ်ရတာ သိပ်အဆင်မပြေဘူးလို့ ဆိုကြလေ့ရှိပါတယ်။
ဒါပေမယ့် တောင်ကိုရီးယား အဆိုတော်နဲ့ သရုပ်ဆောင် Do Yeon ကတော့ ဂျင်းဘောင်းဘီနဲ့ရော တခြားဘောင်းဘီတွေနဲ့ပါ အမိုက်စားနဲ့ ဖက်ရှင်ကျနေတာပါ။
ပေါ့ပေါ့ပါးပါးနဲ့ မိန်းကလေးတိုင်း လိုက်ဝတ်လို့လည်းအဆင်ပြေမယ့် ဖက်ရှင်မျိုးကို ရွေးချယ်ထားပါတယ်။
သူမရဲ့ဖက်ရှင်လေးတွေကို မဝေမျှပေးသေးခင်မှာ Do Yeon ရဲ့အကြောင်းကို နည်းနည်းလေးမျှဝေပေးမယ်နော်။
Do Yeon ရဲ့ နာမည်အပြည့်အစုံကတော့ Kim Do Yeon ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ IOI အဖွဲ့မှာပါဝင်ခဲ့ပြီး လက်ရှိမှာတော့ Weki Meki ဆိုတဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ကာ ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးထားသူဖြစ်ပါတယ်။
Jun Ji Hyun အငယ်စားလေးလို့ တင်စားခေါ်ဝေါ်ခံရတဲ့ Do Yeon ကို ၁၉၉၉ ပြည့်နှစ် ဒီဇင်ဘာလ ၄ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
အရပ်အမြင့်ကတော့ ၅ပေ ၇ လက်မရှိပြီး ပိန်ပိန်ပါးပါးလေးနဲ့ချစ်စရာကောင်းသူဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း IOI ပရိတ်သတ်တွေရော ဒရမ်မာချစ်သူတွေပါရှိကြလို့ Do Yeon ကိုချစ်ကြတဲ့ပရိတ်သတ်တွေအတွက် သူမရဲ့ ဖက်ရှင်တွေကို မျှဝေပေးလိုက်တယ်နော်။
Image Source: Pinterest














