သင်က ဘောင်းဘီရှည် ဝတ်ရတာ သဘောကျသူ ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ အခုနောက်ပိုင်း ပျိုမေတို့ကြား ရေပန်းစားလာတာကတော့ ဘောင်းဘီရှည်ကို မှ အပေါ် Crop ခါးတို လေးတွေနဲ့ တွဲဝတ်တာပါ။ Crop နဲ့ ဘောင်းဘီရှည်ကတော့ ဝတ်ဆင်သူတိုင်းကို ပေါ့ပေါ့ပါးပါးနဲ့ ပိုလှသွားစေပါတယ်။

ဒါပေမဲ့ ခန္ဓာကိုယ် အချိုးအစားအလိုက် Crop မဝတ်ချင်သူတွေလည်း ရှိမှာပါ။ ဒီတစ်ခေါက် Crop မဟုတ်ဘဲ လုံလုံခြုံခြုံလေးကိုမှ လှလှလေး ဖြစ်နေစေမယ့် ပေါ့ပေါ့ပါးပါး ဘောင်းဘီရှည် ဖက်ရှင်တွေကို ဖော်ပြလိုက်ပါတယ်။

အပြာရောင် လွင်လွင်လေးကိုမှ Blouse အပါးလေးနဲ့ ဖက်ရှင်

ခါးနေရာ အဆီရှိသူတွေနဲ့ အထူး သင့်တော်တဲ့ Peplum Top နဲ့ ဘောင်းဘီရှည်

အဖြူအနက်ကိုမှ ရိုးရိုးရှင်းရှင်းလေးနဲ့ ခပ်မိုက်မိုက်လေး

V Shape ပုံစံ Blouse တွေက ရင်ဘတ်သိပ်မရှိတဲ့ ပျိုမေတို့နဲ့ အဆင်ပြေပါတယ်။

ပျိုမေတို့ အကြိုက်များတဲ့ အသားအေးတဲ့ အပါးလက်ရှည်ဖက်ရှင်

ပေါ့ပေါ့ပါးပါး ဝတ်ရတာ ကြိုက်တဲ့ ပျိုမေတိုနဲ့ အထူး သင့်တော်တဲ့ ဖက်ရှင်ပုံစံ ဖြစ်ပါတယ်။

ဆွယ်တာသား နှစ်သက်တဲ့ ပျိုမေတို့အနေနဲ့ လက်ရှည် မဟုတ်ဘဲ လက်တိုက ရာသီတိုင်းလိုလိုနဲ့ လိုက်ဖက်ပါတယ်။

ဆွဲသား ဗြောင်လေးတွေကလည်း သင့်အတွက် ဝတ်ရတာ လေဝင်လေထွက် ကောင်းပြီး ပေါ့ပေါ့ပါးပါး ဖြစ်စေမှာပါ။

ချစ်ဖို့ ကောင်းတဲ့ လက်ကျလေးနဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်

ဇာသားကိုမှ ခါးမပေါ်တဲ့ Crop fashion

Photo Source: Pinterest

By MyStyle Myanmar