သင်တန်းတက်ရတာ၊ အပြင်ခဏခဏ သွားရတာ များတဲ့ ပျိုမေတို့အနေနဲ့ တစ်နေ့ တစ်နေ့ ဘာဝတ်ရမလဲ အမြဲ ခေါင်းစားတတ်ပါတယ်။ အပြင်ထွက်တယ်ဆိုရင်တော့ ဘယ်သူနဲ့ တွေ့ပါစေ လှလှလေး ဖြစ်နေရင် အကောင်းဆုံးပါပဲ။ ဥပမာ သင်သဘောကျတဲ့ ကောင်လေးနဲ့ အပြင်မှာ ရုတ်တရက် တွေ့ရင်တောင် လှလှလေးဖြစ်နေရင် သင်က အပေါ်ကပါပဲ။ သင်တန်းသွားရတဲ့ ပျိုမေတို့အတွက် တခမ်းတနား ဖက်ရှင်မျိုး မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး Casual Fashion Look တွေက အသင့်တော်ဆုံးပါပဲ။ ဒီတစ်ခေါက်မှာတော့ အပြင်ထွက်ထွက်၊ သင်တန်းတက်တက် နှစ်မျိုးလုံးမှာ အသုံးဝင်စေမယ့် ပေါ့ပေါ့ပါးပါး ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်တွေကို ဖော်ပြလိုက်ပါတယ်။

Sweater Crop လေးတွေက ချစ်ဖို့ကောင်းပြီး ပေါ့ပေါ့ပါးပါး နဲ့လှပါတယ်။ အောက်က ဘောင်းဘီအနက်လေးနဲ့ ဆိုရင် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

အနက်နဲ့ အဖြူကတော့ ဘယ်အချိန်မဆိုဝတ်နိုင်တဲ့ အရောင်ပါ။ စကပ်အနက် အကားလေးနဲ့ အပေါ်ထပ် အဖြူဝတ်လိုက်တဲ့အခါ ထူးထူးခြားခြားလေး ချစ်စရာကောင်းစေပါတယ်။

ခန္ဓာကိုယ် ကောက်ကြောင်းပေါ်ချင်သူ ပျိုမေတို့အနေနဲ့ ကိုယ်ကျပ် လက်ရှည်လေးနဲ့ ဘောင်းဘီရှည်က သင့်တော်ပါတယ်။

သင်တန်းသွားရတဲ့ ကောင်မလေးတွေအနေနဲ့ ဒူးဖုံး ဂါဝန်လေးတွေကိုလည်း မမေ့ထားသင့်ပါဘူး။ ဒီအပေါ်က အနွေးထည် အပါးလေးပါ ထပ်ဝတ်လိုက်ရင် လုံးဝ Perfect ပါပဲ။

နေပူတဲ့နေ့တွေမှာ အပြင်ထွက်ရရင် ကြိုးတစ်ချောင်းဂါဝန်လေးတွေက အသင့်တော်ဆုံးပါပဲ။

ဒဲ့သွားစကပ်အတိုနဲ့ အပေါ်ထပ် အင်္ကျီကို Tuck ထည့်ဝတ်လိုက်တဲ့အခါ တည်တည်ငြိမ်ငြိမ်လေးနဲ့ ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်စေမှာပါ။

အေးတဲ့ အခန်းထဲမှာ စာသင်ရသူ ဆိုရင် အပြင်ထပ် အကွက်လေးက အလှဆုံးပါပဲ။

ဘောင်းဘီအတိုနဲ့ အင်္ကျီအဖြူ Crop လေးက ခပ်မိုက်မိုက် ကောင်မလေးတွေနဲ့ အလိုက်ဖက်ဆုံးပဲနော်။

ပေါ့ပေါ့ပါးပါး အဖြစ်ဆုံး ဖက်ရှင်ဆိုရင် အင်္ကျီလက်ပြတ်နဲ့ ဘောင်းဘီရှည်ပါပဲ။ သင်တန်းသွားရတဲ့ ကောင်မလေးတွေအနေနဲ့ အင်္ကျီလက်ပြတ် အနက်နဲ့ ဂျင်းဘောင်းဘီရှည်က ပေါ့ပေါ့ပါးပါး ဖြစ်စေမှာပါ။

အပေါ် အင်္ကျီအပါးသားကို ဂျင်းပွနဲ့ ဝတ်လိုက်တဲ့အခါ လုံလုံခြုံခြုံနဲ့ ကြည့်လို့ကောင်းလှပါတယ်။

ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးတွေ Try သင့်တဲ့ ဖက်ရှင်ကတော့ ဘောင်းဘီတိုနဲ့ V Neck အဖြူအင်္ကျီပါပဲ။ သင်တန်းသွားရတဲ့ ကောင်မလေးတွေအတွက် ကြည့်ရတာ သက်တောင့်သက်တာဖြစ်ပြီး ချစ်ဖို့ကောင်းပါတယ်။

အဖြူ Shirt ကတော့ ပျိုမေတိုင်း ဆောင်ထားသင့်တဲ့ အဝတ်အစားပါ။ ထွေထွေထူးထူး မစဉ်းစားချင်တဲ့ ပျိုမေတို့အတွက် သင်တန်းသွားရင် အဖြူ Shirt နဲ့ ဂျင်းဘောင်းဘီက အံကိုက်ပါပဲ။

Photo source: Pinterest

By MyStyle Myanmar