ရုပ်ရှင်တစ်ကားကို ၂-၃ ခါလောက် ပြန်ကြည့်မယ်ဆိုရင် ပထမတခါကြည့်တုန်းက သတိမပြုမိခဲ့တဲ့ အရာတွေကို ရှင်းရှင်းလင်းလင်း မြင်လာတတ်ပါတယ်။ ကာတွန်းကားတွေကတော့ အသေးစိတ် ရှင်းရှင်းလင်းလင်းသိဖို့ ခက်ပါတယ်။

ဘာလို့လဲဆိုတော့ ကာတွန်းကားတွေဟာ အံ့သြဖွယ်ကောင်းအောင် ဖန်တီးထားကြလို့ပါပဲ။ ဒီနေ့တော့ ပရိတ်သတ်တွေ သတိမထားမိလောက်တဲ့ နာမည်ကြီးကာတွန်းကားတွေထဲက အကြာင်းအရာတချို့ကို ဖော်ပြပေးသွားမှာပါ။

(၁) Brave (၂၀၁၂)

Merida ပစ်လိုက်တဲ့ မြားတချောင်းဟာ သူ့ရဲ့ ပါးကိုရှပြီး ထွက်သွားတဲ့ပုံပါ။ တချို့တွေကတော့ သတိထားမိလိုက်ပေမယ့် အများစုကတော့ ဒါကိုမမြင်လိုက်ကြပါဘူး။

(၂) The Boss Baby (၂၀၁၇)

The Boss Baby ကားကိုတော့ လူတိုင်းနီးပါကြည့်ဖူးကြမယ်ထင်ပါတယ်။ Tim ဟာ သူရဲ့ ညီလေး Boss Baby ရောက်လာတဲ့အချိန်မှာ သူဝတ်ထားတဲ့ တီရှပ်မှာရေးထားတဲ့ ဂဏန်းဟာ နံပက် ၁ ကနေ ၂ ဖြစ်သွားပါတယ်။ ဒါက သူဟာ မိဘတွေရဲ့ ပထမဦးစားပေးမဟုတ်တော့ဘူးဆိုတာကို ဆိုလိုတာပါ။ ဒီအချက်ကိုတော့ ပရိတ်သတ်တော်တော်များများ သတိမထားမိလိုက်ကြပါဘူး။

(၃) Toy Story (၁၉၉၅)

၁၉၉၅ တုန်းက ထွက်ရှိခဲ့တဲ့ Toy Story ဇာက်ကားထဲက ကော်ဇောရဲ့ဒီဇိုင်းဟာ ၁၉၈၀ မှာထွက်ရှိခဲ့တဲ့ The Shining ဆိုတဲ့ ဇာက်ကားထဲက ကော်ဇောဒီဇိုင်းနဲ့ အတူတူပါပဲ။

(၄) Shrek The Third (၂၀၀၇)

၂၀၀၇ မှာထွက်ရှိခဲ့တဲ့ Shrek The Third ကားမှာ Fiona က လျှို့ဝှတ်တံခါး ဖွင့်လိုက်တဲ့အချိန်မှာ သူ့အဖေရဲ့ ရုပ်တုက မြင်းဖင်ကိုသွားနမ်းသလို ဖြစ်သွားခဲ့ပါတယ်။

(၅) Up (၂၀၀၉)

Up ဇာက်ကားရဲ့ အရောင်ဟာ အဖိုးကြီး Carl ရဲ့ စိတ်နေစိတ်ထားအပေါ်မှုတည်ပြီး ပြောင်းလဲသွားတာပါ။ Carl ဝမ်းနည်းကြေကွဲနေချိန်မှာ အရောင်ဖျော့ပြီး မည်းသွားပါတယ်။ ဒါပေမယ့် သူ့မိန်းမရဲ့ပုံကို စာအုပ်ထဲမှာ ပြန်တွေ့တဲ့အချိန်ကျတော့ အရာအားလုံးဟာ ပြန်လည်လင်းထိန်လာခဲ့ပါတယ်။

(၆) Toy Story (၁၉၉၅)

၁၉၉၅ Toy Story ကားမှာ လူဆိုးကောင်လေး Sid ဟာ ၂၀၁၀ Toy Story ၃ ကားမှာ အရွယ်ရောက်လာပြီး အမှိုက်သိမ်းသမားအဖြစ် ပြန်လည်ပါဝင်လာခဲ့ပါတယ်။

(၇) Zootopia (၂၀၁၆)

၂၀၁၆ တုံးကထွက်ရှိခဲ့တဲ့ Zootopia ကားထဲမှာ Frozen ကားထဲက Anna နဲ့ Elsa လိုမျိုး ဝတ်ဆင်ထားတဲ့ ဆင်လေးနှစ်ကောင်ပါလာပါတယ်။

(၈) Frozen (၂၀၁၃)

Frozen ကားထဲမှာ Elsa ရဲ့ရဲတိုက်ကြီးဟာ သူမရဲ့ စိတ်ခံစားချက်ကိုလိုက်ပြီး အရောင်တွေ ပြောင်းလဲသွားပါတယ်။ အပြာရောင်က သူမရဲ့ပျော်ရွှင်မှုကို ကိုယ်စားပြုပြီး အနီက ကြောက်စိတ်နဲ့ အဝါရောင်က ဒေါသကို ကိုယ်စားပြုပါတယ်။

Source: Bright Side