ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ ချစ်ဖို့ကောင်းတဲ့ ကာတွန်းပုံလေးတွေအတိုင်း ပို့စ်ပေးလို့ရမယ့် ပို့စ်ပေးနည်းအိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ခါနီးရင် ဒီကာတွန်းပုံလေးတွေကို ထုတ်ကြည့်ပြီး ရိုက်ကြည့်လိုက်နော်။

ခုံမှာထိုင်ရိုက်တဲ့အခါ ဒီပုံလေးအတိုင်း ပို့စ်ပေးလို့ရတယ်နော်။ မျက်နှာလေးတည်ထားလည်းလှသလို ပြုံးထားလည်း လှနေမှာပါ။

ပို့စ်သိပ်မပေးတတ်ရင် ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်ပါ။ လုပ်ရတာလွယ်ကူပြီး မိန်းကလေးဆန်ဆန်နဲ့ လှနေစေပါတယ်။

လူငယ်ဆန်တဲ့ပုံစံလေး ရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးအတိုင်းသာ ရိုက်ကြည့်လိုက်နော်။

လှလှပပလေးဝတ်စားထားတဲ့အခါ အထူးသဖြင့် bodyfit dress လေးတွေ၊ mini skirt လေးတွေ ဝတ်ထားတဲ့အခါ ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။

နောက်တစ်မျိုးအနေနဲ့ ဒီပို့စ်လေးအတိုင်းလည်း ရိုက်ကြည့်နော်။ လှလည်းလှသလို ဆွဲဆောင်မှုလည်းရှိပါတယ်။

ဆံပင်စည်းနေတဲ့ပုံလေးတွေရိုက်ကြပေမယ့် ခေါင်းစည်းကြိုးကွင်းလေးကို ကိုက်ထားပြီး ဆံပင်စည်းမယ့်ပုံစံလေးကတော့ သိပ်မရိုက်ကြပါဘူး။ ဒါကြောင့် သူများနဲ့သိပ်မတူချင်ရင် ဒီပို့စ်လေးအတိုင်းသာ ရိုက်ကြည့်လိုက်နော်။

အနောက်မှာမှီစရာနေရာလေးရှိရုံနဲ့ ရိုက်နိုင်တဲ့ ပို့စ်လေးပဲဖြစ်ပါတယ်။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းနေမှာပါ။ မျက်နှာလေးကို တည်ထားလည်းလှသလို ပြုံးနေလည်း လှနေစေမှာပါ။

လူငယ်ဆန်ပြီး ပေါ့ပါးလွတ်လပ်တဲ့ပုံစံလေး ရိုက်ချင်ရင်တော့ ဆိုဖာမှာထိုင်ရိုက်တဲ့အခါ ဒီပို့စ်လေးအတိုင်းသာ ရိုက်ကြည့်လိုက်ပါ။

Mirror selfie ကို တစ်ကိုယ်လုံးပုံလေး ရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးက အရမ်းကိုအသုံးဝင်မှာပါ။ မျက်နှာမမြင်ရတာတောင်မှ ပို့စ်ပုံစံအနေအထားကြောင့် လှပပြီး ချစ်ဖို့ကောင်းနေပါလိမ့်မယ်။

ဒီပို့စ်လေးကလည်း အရမ်းလှတာကြောင့် ရိုက်ကြည့်နော်။ အပြင်မှာရိုက်ရင် ဆံပင်လေလွင့်နေမှာမို့ ပိုလှမှာပါ။

နံရံကပ်ပြီး ဓာတ်ပုံရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် ပို့စ်ပေးနည်းလေးပါ။ လှလည်းလှသလို ဆွဲဆောင်မှုလည်းရှိပါတယ်။ ပိုပြီးဆွဲဆောင်မှုရှိချင်ရင်တော့ မျက်နှာကိုတည်တည်လေးနေပြီး ရိုက်ကြည့်နော်။