ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ Cartoon Girl လေးတွေရဲ့ Pose Idea လေးတွေအတိုင်း လိုက်ရိုက်ကြည့်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရတာကို ဝါသနာပါရင်တော့ အရမ်းအသုံးဝင်စေမယ့် ဒီပုံလေးတွေကိုသာ save ထားလိုက်တော့နော်။

လမ်းဘေးမှာ ဒါမျိုးလေး အထာကျကျ ထိုင်ရိုက်ကြည့်ပါ။ မိုက်တဲ့ပုံကောင်းလေး ထွက်လာပါလိမ့်မယ်။

ဒီလိုလေးထိုင်ရိုက်ပြီး pose ပေးတာမျိုးကျတော့ freestyle ပုံစံလေးနဲ့ ချစ်ဖို့ကောင်းပြီး မိုက်လည်းမိုက်ပါတယ်။

ဆံပင်စည်းနေတဲ့ ဒီလိုပုံစံလေးလည်း pose ပေးရိုက်ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီးလှတဲ့ ပုံကောင်းလေးထွက်လာမှာပါ။

ကောင်းကင်ပါအောင်ရိုက်မယ်ဆိုရင် ဒီလိုလေးသာ pose ပေးပါ။ အရမ်းလှတဲ့ပုံလေး ထွက်လာမှာ သေချာပါတယ်။

ကြောင်လေးနဲ့ပဲဖြစ်ဖြစ်၊ ခွေးလေးနဲ့ပဲဖြစ်ဖြစ် ဒီလိုပုံလေးလည်း ရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ကြောင်လေးရှိရင် ဒီလိုလေး ရိုက်ဖြစ်အောင်ရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပြီး ကြည်နူးဖို့ကောင်းတဲ့ပုံလေး ထွက်လာပါလိမ့်မယ်။

ဘောင်တွေပေါ်မှာပဲဖြစ်ဖြစ် rooftop မှာပဲဖြစ်ဖြစ် ရိုက်မယ်ဆိုရင် ဒီလိုလေးထိုင်ပြီးရိုက်ပါ။ အထာကျတဲ့ pose လေးနဲ့ မိုက်နေမှာ သေချာပါတယ်။

ဆေးလိပ်သောက်တတ်ရင်တော့ ဒီ pose လေးကို ရိုက်ကြည့်ပါ။

ဒီလိုလေးထိုင်ပြီး မျက်နှာထားလေးကအစ ပုံထဲကအတိုင်းလေး လုပ်ကြည့်ပါ။ ချစ်ဖို့ကောင်းသလို မိုက်လည်းမိုက်ပါတယ်။

ဒီလိုလမ်းလျှောက်လာတဲ့ပုံစံလေးလည်း ရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။ တစ်ကိုယ်လုံးမရိုက်ပဲ portrait နဲ့ အနီးကပ်လေးရိုက်ရင် ပိုလှမှာပါ။

ဆူပုပ်နေတဲ့မျက်နှာလေးနဲ့ ဒီလိုလေးထိုင်ပြီး pose ပေးကြည့်ပါ။ ဘောင်းဘီလေးတွေနဲ့ဆို ပိုလိုက်တဲ့ pose မျိုးဖြစ်ပါတယ်။

ခန္ဓာကိုယ်ကို ဘေးတစ်စောင်းလေးနေပြီး လက်ကို ပုံထဲကအတိုင်းလေးထား၊ မျက်နှာလေးကို ကင်မရာဘက်လှည့်ပြီး ပြုံးနေတဲ့ pose လေးလုပ်ကြည့်ပါ။ အရမ်းလှတဲ့ ပုံကောင်းလေး ထွက်လာပါလိမ့်မယ်။

Photo source:www.pinterest.com