နာမည်ကြီးကာတွန်းကားတစ်ကားဖြစ်တဲ့ Toy Story ကို ကွန်ပြူတာဖြင့်သာ ရိုက်ကူးခဲ့ပါတယ်။ ထုတ်လုပ်သူဟာ ကုန်ကျစရိတ်သက်သာဖို့အတွက် တစ်ချို့အရေးမကြီးတဲ့ ဇာတ်ကောင်တွေကို အသစ်မရေးဆွဲဘဲ ရှိပြီးသား ဇာတ်ကောင်တွေကို အသုံးပြုခဲ့ပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ (၂၅) ကဖြစ်ပြီး ယနေ့ခေတ်မှာတော့ ကာတွန်းကားဖန်တီးရာမှာ အတော်လေးခြားနားမှုတွေ တွေ့နေရပါပြီ။ ဇာတ်ကားဖန်တီးသူတွေဟာ အပျော်သဘောအနေနဲ့ ပရိသတ်တွေ သတိမထားမိအောင် အကြောင်းအရာလေးတွေကို ဇာတ်ကားတွေထဲမှာ ထည့်သွင်းထားလေ့ရှိကြပါတယ်။

ဒီနေ့ နာမည်ကျော်ကာတွန်းကားတွေထဲက ပရိသတ်တွေ သတိမထားမိခဲ့တဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးသွားမှာပါ။

နာမည်ကျော် Coco ကားမှာ Miguel ကိုင်ထားတဲ့ ဂီတာဟာ Hector ရဲ့ ဂီတာဖြစ်တယ်ဆိုတာကို ရွှေရောင် သွားလေးနဲ့ ပြသသွားပါတယ်။

Ratatouille ကားထဲမှာ အစားအသောက် ဝေဖန်တဲ့သူဟာ ဇာတ်ကားအစပိုင်းမှာ အတော်လေးကို ပိန်ပါတယ်။ ဒါဟာ အစားအသောက် ဂျီးများပြီး အစာမစားတာကြောင့်ဖြစ်ပါတယ်။ ဇာတ်ကားအဆုံးပိုင်းမှာတော့ သူကြိုက်တဲ့ အစားအစာတွေ့သွားပြီး ဝလာတာကို တွေ့မြင်နိုင်ပါတယ်။

The Incredibles ဇာတ်ကားထဲမှာ Bob ရုံးခန်းတစ်ခုလုံးကို တိုင်လုံးကြီးက နေရာယူထားပါတယ်။

Wall-E ဇာတ်ကားထဲမှာ captain ဖြစ်တဲ့သူဟာ အရမ်းဝနေတာကြောင့် ယူနီဖောင်း ဝတ်လို့မရခဲ့ပါဘူး။ ဒါ့ကြောင့် သူဟာ ယူနီဖောင်းကို လည်ပင်းမှာ ချိတ်ထားတာပါ။

The Incredibles ကားထဲမှာ Buddy ဟာ မျက်လုံးဖုံးကို မှင်နဲ့ ရေးဆွဲခဲ့တာပါ။

Inside Out ကားထဲမှာ Riley ရဲ့အင်္ကျီအရောင်တွေဟာ သူမရဲ့ စိတ်ခံစားချက်ကို ကိုယ်စားပြုထားတာပါ။

Coco ကားထဲမှာပဲ Miguel ရဲ့အရိုးတွေဟာ အပြစ်အနာဆာ ကင်းနေပါတယ်။ ဒါဟာ သူကငယ်ရွယ်သေးတာကို ပြခြင်းဖြစ်ပါတယ်။ Hector ရဲ့အရိုးတွေကတော့ အရောင်နွမ်းနေပြီး ချိုင့်နေတာတွေရှိနေပါတယ်။ ဒါဟာ သူသေသွားစဉ်တုန်းက အသက်ကြီးနေတာကို ပြတာပါ။

Monsters, Inc ကားထဲမှာ နံပါတ်စဉ်ရေတာကို (၇) ကနေစပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မန်နေဂျာမှာ လက်ချောင်း (၇) ချောင်းရှိနေလို့ပါပဲ။

How to Train Your Dragon 2 ဇာတ်ကားအစပိုင်းမှာ Astrid ဟာ Hiccup ကို ကျစ်ဆံမြီးကျစ်ပေးခဲ့ပါတယ်။ အဲ့ကျစ်ဆံမြီးက ဇာတ်ကားဆုံးတဲ့အထိ ရှိနေဆဲပါ။

Toy Story ကားထဲမှာ Andy သူငယ်ချင်းတွေအားလုံးဟာ Andy ကိုပုံတူကူးပြီး ထည့်ထားခြင်းဖြစ်ပါတယ်။

Up ကားထဲမှာ ငယ်ရွယ်တဲ့ Carl နဲ့ Russell နှစ်ယောက်စလုံးမှာ ဖြန့်ထားတဲ့ အင်္ကျီကော်လံကို တွေ့မြင်နိုင်ပါတယ်။ ဒါဟာ သူတို့နှစ်ယောက်ရဲ့ တူညီပုံကို ပြနေတာပါ။

Madagascar 2: Escape to Africa ဇာတ်ကားထဲမှာ ဆိုင်ကယ်တွေမှာ အသုံးပြုတဲ့ ပလပ်ကို မျောက်တွေရဲ့ မကောင်းတဲ့အကျင့်တွေ ဖော်ပြဖို့အတွက် အသုံးပြုခဲ့ပါတယ်။

Source: Bright Side