Y2K Fashion တွေ အဝတ်များလာတာနဲ့အတူ Cargo Pants တွေလည်း တစ်ခေတ် ပြန်ထလာပါတယ်။ ဒီ Cargo Pants တွေက ဝတ်ရတာ သက်တောင့်သက်သာ ရှိပြီး အိတ်ကပ်အကြီးကြီးတွေ ပါဝင်တတ်ပါတယ်။ သင်က စိတ်ကူးကောင်းရင် ကောင်းသလို Cargo Pants တွေကို အမျိုးမျိုး ပြောင်းဝတ်နိုင်ပါတယ်။ ဒီထဲမှာတော့ Cargo Pants တွေကို ဘယ်လို စတိုင်ကျကျ သက်တောင့်သက်သာ ရှိရှိ ဝတ်နိုင်မလဲ ဖော်ပြထားပါတယ်။

Cargo Pants ကို အပေါ်အင်္ကျီတီရှပ်အပွ အဖြူနဲ့ တွဲနိုင်ပါတယ်။ ဘောင်းဘီအရောင်ကိုတော့ Beige ရောင် ရွေးချယ်နိုင်ပြီး အဖြူရောင် Sneaker, ခေါင်းပတ်နဲ့ နားကွင်းအကြီးကြီးကို တွဲမယ်ဆိုရင်တော့ Streetstyle ဖြစ်သွားပါပြီ။

အပေါ်အင်္ကျီကို အနက်ရောင် Tube Top နဲ့ Cargo Pants စစ်ရောင်ကို ရွေးနိုင်ပါတယ်။ ဒါကိုမှ အိတ်အနက်နဲ့ အရောင်စပ် Sneaker က စတိုင်ကျအောင် ပံ့ပိုးပေးပါလိမ့်မယ်။

မီးခိုးရောင် Cargo Pants နဲ့ လိုက်ဖက်မယ့် မီးခိုးရောင် Sweater Crop ကို တွဲနိုင်ပါတယ်။ အောက်ခံအင်္ကျီCrop အနက်နဲ့ တွဲနိုင်ပြီး အဖြူရောင် အိတ်၊ Sneaker တို့ကိုပါ တွဲနိုင်ပါသေးတယ်။

အညိုရောင် နှစ်သက်တယ်ဆိုရင်တော့ အညိုရောင် Tank Top, Beige Cargo Pants နဲ့ အညိုရောင် အိတ်ကို တွဲနိုင်ပါတယ်။

သင်က ပြင်ထပ်အင်္ကျီနဲ့ တွဲချင်တယ်ဆိုရင် ကြယ်သီးဖြုတ်စတိုင် Printed အင်္ကျီနဲ့အတူ အနက်ရောင် Crop ကို တွဲဝတ်နိုင်ပါတယ်။ အောက်ဘက်ကိုတော့ မီးခိုးရောင် Cargo Pants ကို ရွေးချယ်နိုင်ပါတယ်။

အနက်ရောင် Baby Tee, အစိမ်းရောင် Cargo Pants နဲ့ အနက်ရောင် Sneaker တို့ကို အထာကျကျ တွဲဝတ်နိုင်ပါတယ်။

အနက်ရောင် အင်္ကျီလက်ရှည်၊ Beige ရောင် Cargo Pants နဲ့အတူ အနက်ရောင် ဘွတ်ဖိနပ်တို့ကို ခပ်မိုက်မိုက် တွဲနိုင်ပါတယ်။

လက်ကိုင်ပဝါ Top, Jeans Cargo Pants နဲ့အတူ အဖြူရောင် Sneaker

Source: Preview.ph

By MyStyle Myanmar