အလုပ်လုပ်ရင်းနဲ့ ကျွန်တော်တို့တတွေဟာ လုပ်ခလစာတင် မဟုတ်ဘဲ ဘဝသင်ခန်းစာတွေပါ ရလာကြပါတယ်။ အကြောင်းတစ်ခုက အလုပ်ဟာ ကျွန်တော်တို့ဘဝရဲ့ အရေးကြီးလှတဲ့ ပင်မအစိတ်အပိုင်းတွေထဲ တစ်ခု ဖြစ်လို့ပါပဲ။ ဘဝအတွေ့အကြုံတွေလိုပဲ အလုပ်အတွေ့အကြုံတွေကလည်း အဖိုးတန်တဲ့ အသိတွေ ပေးပါတယ်။ ဘယ်လို အလုပ်မျိုးပဲ လုပ်လုပ် အခုပြောမယ့် သင်ခန်းစာတွေ တွေ့ရနိုင်ပါတယ်။

(၁) လေ့လာမှုကို ဘယ်တော့မှ ရပ်တန့်မပစ်သင့်ဘူး

Photo : Shutterstock

သင်ခန်းစာတစ်အနေနဲ့ ပြောရမှာက အလုပ်လုပ်နေသူတိုင်းဟာ ကိုယ်သိထားတာလေးနဲ့ပဲ ဆက်သွားနေရင် ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ ဒီနေ့ခေတ်မှာဆို နည်းပညာက နေ့တိုင်း ပြောင်းလဲလာနေပါတယ်။ ကိုယ့်အနေနဲ့လည်း နည်းပညာခေတ်နဲ့အညီ မှီအောင်မလိုက်နိုင်ဘူး ဆိုရင် အနောက်မှာ ပြတ်ကျ ကျန်နေခဲ့နိုင်ပါတယ်။

(၂) ကိုယ့်အသက်မွေးဝမ်းကြောင်းကို သေချာရွေးချယ်ပါ

Photo: Shutterstock

အသက်မွေးဝမ်းကြောင်းတစ်ခု ရွေးချယ်တယ်ဆိုတာ အိမ်ထောင်ပြုလိုက်တာနဲ့ တူပါတယ်။ အိမ်ထောင်ဖက်ကောင်းရင် ၊ ရွေးချယ်မှု မှန်ရင် ပျော်ရွှင်တဲ့ဘဝ ၊ အောင်မြင်တိုးတက်တဲ့ဘဝ ရသလိုမျိုး ကိုယ့်ရဲ့ အရည်အသွေးကို အတောက်ပဆုံးဖော်ပြနိုင်မယ့် Career ကို ရွေးမှသာ တစ်သက်လုံး စိတ်ချမ်းသာပါလိမ့်မယ်။

(၃) အလုပ်အကိုင်လမ်းကြောင်းလည်း အပြောင်းအလဲ ရှိနိုင်တယ်

Photo: Shutterstock

သက်မွေးမှုဘဝဆိုတာ ထူးဆန်းပါတယ်။ လောကကြီးမှာ မထင်တာတွေ ဖြစ်တတ်သလိုမျိုး အလုပ်အကိုင်တွေဟာလည်း ထင်ထားသလို တစ်ဖြောင့်တည်း သွားချင်မှ သွားနိုင်ပါတယ်။ အပြောင်းအလဲတွေအတွက် စိတ်ကို ကြိုတင် ပြင်ဆင်ထားပါ။

(၄) အမှားတွေက အရသာရှိတယ် မှတ်ပါ

Photo:  Shutterstock

အမှားတွေကို မကြောက်တတ်ဖို့ဆိုတဲ့ သင်ခန်းစာကလည်း သင့်ဘဝအတွက်က သိပ်ကို အရေးပါလာမှာပါ။ အမှားတွေဆီကနေ သင်ယူဖို့သာ စဉ်းစားပါ။ မှားမှာစိုးလို့ နောက်တွန့်သွားရင် ဘယ်လိုလုပ် ဆန်းသစ်ပြီး ထူးခြားတဲ့ အစွမ်းအစတွေ ပြခွင့်ရမှာတဲ့လဲ။