Cardigan အင်္ကျီလေးတွေကို တော်တော်များများက အပေါ်ထပ်အနေနဲ့ပဲ့ ဝတ်ကြတာများပါတယ်။ ဒါကြောင့် Cardigan အင်္ကျီတွေကို အပေါ်ထပ်အနေနဲ့မဟုတ်ပဲ ကိုရီးယားဆန်ဆန် ဘောင်းဘီရှည်တွေနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ လူငယ်ကောင်မလေးအများစုနဲ့ ကိုရီးယားဖက်ရှင်ကိုကြိုက်တဲ့ ကောင်မလေးတွေကတော့ သဘောကျမှာပါ။

Cardigan အတိုလေးတွေကို ဂျင်းဘောင်းဘီအရှည်နဲ့ တွဲဝတ်မယ်ဆိုရင် ဒီလိုဂျင်းအပွတွေနဲ့တွဲဝတ်တာက ပိုလိုက်ပါတယ်။

Cardigan အတိုလေးတွေကို ဂျင်းနဲ့မှမဟုတ်ပါဘူး။ ဒီလိုဘောင်းဘီရှည်လေးတွေနဲ့ တွဲဝတ်တာကလည်း ချစ်ဖို့ကောင်းပါတယ်။

Cardigan ခါးတိုအပွလေးတွေကို ဒီလိုဘောင်းဘီလေးတွေနဲ့ တွဲဝတ်တာကလည်း ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ပုံမှန်အနွေးထည်လိုမျိုးဝတ်နေကြတဲ့ Cardigan ဗြောင်လေးတွေကို ဒီလို bell pant လေးတွေနဲ့ တွဲဝတ်တာကလည်း တစ်မျိုးလေးဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။

ပုံမှန်အနွေးထည်လိုမျိုးဝတ်နေကြတဲ့ Cardigan ခါးရှည်တွေကိုတော့ ဒီလိုဂျင်းအဖြူလေးနဲ့ တွဲဝတ်လို့ရပါတယ်။ အေးတဲ့နေရာဒေသကို ခရီးသွားတဲ့အခါမျိုးမှာ ဒီဖက်ရှင်လေးနဲ့ဆို ကွက်တိပါပဲ။

ပုံမှန်အနွေးထည်လိုမျိုးဝတ်နေကြတဲ့ Cardigan ခါးရှည်တွေကို ခုနကလိုဂျင်းအဖြူနဲ့မဟုတ်ပဲ ဒီလိုဂျင်းအရှည်လေးနဲ့ တွဲဝတ်ရင်လည်း ချစ်ဖို့ကောင်းပါတယ်။

Cardigan လေးတွေကို ဒီလိုဘောင်းဘီလေးတွေနဲ့ တွဲဝတ်တာမျိုးဆိုရင် ဝတ်တဲ့သူရှားပါတယ်။ လူငယ်ကောင်မလေးတွေဝတ်ရင်တော့ ကိုရီးယားဆန်ပြီး ဖက်ရှင်ကျနေမှာပါပဲ။

အနွေးထည်လိုမျိုး အပေါ်ထပ်ဝတ်နေကြတဲ့ Cardigan တွေကို ထိပ်ဆုံးကြယ်သီးမတပ်ပဲ ကော်လံလိုခေါက်ဝတ်တာလည်း ဖက်ရှင်တစ်မျိုးပါပဲ။ ဂျင်းဘောင်းဘီတွေနဲ့တွဲဝတ်ရင် ပိုလိုက်ပါတယ်။

ဒီလို Cardigan လေးတွေကိုဝတ်မယ်ဆိုရင် ဂျင်းအရှည်လေးတွေနဲ့တွဲဝတ်တာက ပိုပြီးလိုက်ပါတယ်။ ဒေါက်ဖိနပ်လေးစီးလိုက်ရင်တော့ perfect ပါပဲ။

V-shape Cardigan တွေကို style pants လေးတွေနဲ့တွဲဝတ်တာလည်း ကိုရီးယားမလေးတွေဝတ်နေကျ ဖက်ရှင်ပါပဲ။ ဒီဖက်ရှင်လေးဆိုရင် လူငယ်ကောင်မလေးတွေတင်မဟုတ်ပဲ အသက်လတ်ပိုင်းတွေနဲ့ပါ လိုက်ဖက်ပါတယ်။

အေးတဲ့နေရာဒေသကိုသွားပြီး ကိုရီးယားဆန်ချင်ရင်တော့ ဒီဖက်ရှင်လေးကိုသာ ရွေးချယ်လိုက်ပါ။

photo source:www.pinterest.com