Cardigan လိုမျိုး အရမ်းမထူတဲ့ အပေါ်ထပ်လေးတွေက ရာသီဥတုအရမ်းမအေးတဲ့အချိ်န်ဆို ကွက်တိပဲမလို့ အနွေးထည်အထူကြီးဝတ်ရတာမကြိုက်တဲ့ ကောင်မလေးတွေအတွက် Cardigan Outfit Ideas တချို့ကို ဝေမျှပေးလိုက်ပါတယ်။

ဂျင်းအရှည်နဲ့တွဲဝတ်တာကတော့ ဘယ်တော့မှမရိုးတဲ့ Style ပါ။

Style Pants ကိုမှ Top ကို ကြိုးတချောင်းလေးဝတ်ပြီး အပေါ်က Cardigan လေးထပ်ဝတ်တာကလည်း ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျပါတယ်။

Korea Look လိုချင်ရင်တော့ Sweat Pant လေးတွေနဲ့တွဲဝတ်ကြည့်ပါ။

ချစ်ဖို့ကောင်းတဲ့ကောင်မလေးပုံစံအတွက်ဆို ဂါဝန်လေးအပေါ်ကထပ်ဝတ်လိုက်ပါ။

Mini Skirt လေးနဲ့တွဲဝတ်တာက ဆယ်ကျော်သက်ကောင်မလေးတွေနဲ့ လိုက်ပါတယ်။

ဒါမှမဟုတ် ဒီလို Tennis Skirt လေးတွေနဲ့ တွဲဝတ်ပါ။

အပေါ်ထပ်မဟုတ်ဘဲ ဒီလို Top ပုံစံလေးတွေကလည်း စတိုင်ကျတဲ့ Top လေးတွေပါပဲ။

ပေါ့ပေါ့ပါးပါးဝတ်ရတာကြိုက်ရင်တော့ ဒီလို ဘောင်းဘီတိုလေးတွေနဲ့ တွဲဝတ်ပါ။