ကားချစ်သူတစ်ယောက်အနေနဲ့ ကားမောင်းနေသူတစ်ယောက်အနေနဲ့ ကားမောင်းတတ်ရုံနဲ့ မလုံလောက်ပါဘူး။ ကားရဲ့ စက်ပစ္စည်းပိုင်းဆိုင်ရာကိုလည်း နားလည်သိကျွမ်းထားဖို့ လိုပါတယ်။ နို့မဟုတ်ရင် ဝပ်ရှော့ဆရာတွေ စက်ပြင်ဆရာတွေရဲ့ ဂျင်းထည့်တာကို မကြာခဏဆိုသလို ခံနေရပါလိမ့်မယ်။
တချို့စက်ပြင်ဆရာတွေက မိမိရဲ့ Customer တွေအပေါ် စေတနာထားပြီး အခက်အခဲတွေကို ဖြေရှင်းပေးပေမယ့် တချို့ကျတော့လည်း ကိုယ် မသိနားမလည်တာကို အခွင့်ကောင်းယူတတ်ကြပါတယ်။ မိမိရဲ့ဝင်ငွေကို ချွေတာတဲ့အနေနဲ့ အကြောင်းကိစ္စတစ်ခုခုပေါ်လာတိုင်း ဝပ်ရှော့သွားမပြဘဲနဲ့ မိမိဘာသာ ဖြေရှင်းတတ်ဖို့ကိုလည်း သင်ယူလေ့လာထားဖို့ လိုပါမယ်။
စတေကာအဟောင်းတွေ ဖယ်ရှားချင်တယ်ဆိုရင်
သတင်းစာစက္ကူကို ရေနွေးနွေးလေးထဲ စိမ်လိုက်ပြီးနောက် ထိုစတေကာပေါ်မှာ ဆယ်မိနစ်ခန့် ကပ်ထားလိုက်ပါ။ အချိန်ပြည့်ပြီဆိုရင်တော့ စတေကာက ကော်တွေ အလိုလိုကွာသွားပါလိမ့်မယ်။
ကားမီးလုံး သန့်ရှင်းရေးအတွက်
သွားတိုက်ဆေးကို သွားပွတ်တံအဟောင်း (သို့) အဝတ်တစ်ခုပေါ် ညှစ်လိုက်ပြီးနောက် ကားမီးလုံးပေါ်မှာ သေသေချာချာပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် ရေဆေးချလိုက်ပါ။ အသစ်အတိုင်း တောက်ပြောင်သွားပါလိမ့်မယ်။
သန့်ရှင်းရေး လုပ်ရခက်တဲ့နေရာတွေအတွက်
ကားသန့်ရှင်းရေးက အတွင်းရောအပြင်ရာ အစအစအရာရာ သန့်ရှင်းရေးလုပ်ရမှာပါ။ ဂျေင်ဂျိုဂျောင်ကြားနေရာတွေ သန့်ရှင်းရေးလုပ်ရခက်တဲ့နေရာတွေကို စုတ်တံလေးနဲ့ ပွတ်တိုက်ပြီး သန့်ရှင်းရေးပြုလုပ်လို့ရပါတယ်။
ကားပေါ်မှာ ခြစ်ရာတွေ မထင်ဖို့အတွက်
ကိုယ့်ရဲ့ ကားဂိုဒေါင်က အရမ်းကျဉ်းနေတဲ့အခါ ကားတံခါးအဖွင့်အပိတ် အတက်အဆင်းကျရင် ကားမှန်မှာ ခြစ်ရာတွေ ထင်တတ်ပါတယ်။ အဲ့ဒါကြောင့် ဂိုဒေါင်ရဲ့ နံရံမှာ ရာဘာတုံး (သို့) ဖော့တုံးလေးကို အခုလိုပဲ ရိုက်ထားပေးလိုက်ပါ။
ကားပေါ်မှာ ခြစ်ရာဖြစ်သွားတယ်ဆိုရင်
ကားပေါ်မှာ ခြစ်မိသွားတဲ့ ခြစ်ရာသေးသေးလေးတွေကို ဂရုမစိုက်ဘဲ ဒီအတိုင်းပစ်ထားမယ်ဆိုရင် ခြစ်ရာက တဖြည်းဖြည်းနဲ့ ကြီးလာပါလိမ့်မယ်။ ထိုခြစ်ရာတွေအတွက် လက်သည်းနီအကြည်ရောင်လေး အသုံးပြုလိုက်ပါ။ ၂ ထပ် ၃ ထပ်လောက် ဆိုးပေးမယ်ဆိုရင် ခြစ်ရာတွေ ကြီးမလာအောင် ကာကွယ်ထားရာရောက်ပါတယ်။
Source: Brightside.me