နေပူတဲ့ ရက်တွေမှာ အပြင်သွားရင် နေရောင် အကာအကွယ်တွေ ဖြစ်တဲ့ ထီး၊ နေရောင်ကာ ခရင်တွေ လိုအပ်တာကို ပျိုမေတို့ သိပြီး ဖြစ်မှာပါ။ ဒါ့အပြင် တစ်ကိုယ်စာ နေလုံဖို့ ပျိုမေအချို့က Cap ဦးထုပ်တွေကိုလည်း ဆောင်းတတ်ကြပါတယ်။ Cap ဦးထုပ်က ရှေ့ဘက် အရှည်သွားတာမို့ မျက်နှာတစ်ကွက်စာ နေကွယ်တဲ့နေရာမှာ အသုံးဝင်ကာ ထီးမဆောင်းချင်တဲ့ ပျိုမေတို့နဲ့ အဆင်ပြေပါတယ်​။

ဒီတစ်ခေါက်မှာတော့ ဦးထုပ်ဆောင်းတဲ့နေ့တွေမှာ အထာကျကျ လှနေစေဖို့ ပျိုမေတို့မှာ ပိုင်ဆိုင်ထားသင့်တဲ့ Cap ဦးထုပ် ပုံစံတွေကို ဖော်ပြပါရစေ။

အဖြူနဲ့ အပြာရင့် အစပ် ဦးထုပ်

အင်္ကျီတွေထဲမှာ အပြာအဖျော့၊ အဖြူရောင်တွေက ရေပန်းစားတဲ့ အရောင်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဆင်စွယ်ရောင် ဒါမှမဟုတ် အဖြူနဲ့ အပြာစပ် ဦးထုပ်ကို ပိုင်ဆိုင်ထားသင့်ပါတယ်။

အစိမ်းရောင်အရင့်

သင်က ခရီးသွားတဲ့အချိန် အပင်တွေနဲ့ သဟဇာတ ဖြစ်ချင်တယ်ဆိုရင်တော့ အစိမ်းရောင်အရင့် ဦးထုပ်ကို လိုအပ်ပါတယ်။

အနက်ရောင်

အချိန်အများစုမှာ အနက်ရောင် ဝတ်လေ့ရှိပြီး ဖိနပ် အရောင်က အနက်ရောင်ဆိုရင် အနက်ရောင် Cap ကို ဆောင်ထားသင့်ပါတယ်။

အဖြူရောင်

အပေအတေသိပ်မခံတဲ့ အဖြူရောင် ဦးထုပ်က သပ်သပ်ရပ်ရပ် နေတတ်တဲ့ ကောင်မလေးတွေနဲ့ အဆင်ပြေမှာပါ။

အပြာရင့်

အပြာရင့်ရောင် ဦးထုပ်က ဂျင်းဘောင်းဘီအပြာနဲ့ လိုက်ဖက်တာမို့ ဆောင်ထားသင့်တဲ့အထဲ ပါဝင်ပါတယ်။

ခဲရောင်

ခဲရောင်ဦးထုပ်က အင်္ကျီအရောင်တိုင်းလိုလိုနဲ့ လိုက်ဖက်ပါတယ်။

နက်ပြာရောင်

အနက်မကျ အပြာမကျ နက်ပြာရောင်ဦးထုပ်က ဘောင်းဘီအနက်နဲ့ လိုက်သလို အပြာရောင် ဘောင်းဘီတွေနဲ့လည်း အဆင်ပြေမှာပါ။

ခဲပြာရောင် လျှာနဲ့ ဆင်စွယ်ရောင်

အရောင်မတူတဲ့ နှစ်ရောင်စပ် ဦးထုပ်ထဲကမှ ဒီပုံစံက အင်္ကျီအရောင် အားလုံးနီးပါးနဲ့ လိုက်ဖက်ပါတယ်။

ပန်းရောင်

သင့်ဆီမှာ ပန်းရောင်အိတ်လေး ရှိတယ်ဆိုရင်တော့ ပန်းရောင်ဦးထုပ်က အသုံးဝင်လာပါပြီ။

အိတ်နဲ့ အရောင်တူတဲ့ ဦးထုပ်

Nude Color အိတ်ကို ပိုင်ဆိုင်ထားရင် Nude Color ဦးထုပ်ရှိထားတာက မမှားပါဘူး။

Photo Source: Pinterest

By MyStyle Myanmar