အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ သင်အရမ်းချစ်ရတဲ့ တစုံတစ်ယောက်သောသူက သင့်ကို စွဲစွဲမြဲမြဲ ချစ်မိသွားစေဖို့အတွက် သံပ္ပပညာရှင်တွေရဲ့ အကြံပြုချက်တချို့ကို မျှဝေပေးချင်ပါတယ်။

၁။ ပထမဆုံး ဒိတ်လုပ်တဲ့အခါ ရေခဲမုန့်မစားပါနဲ့တဲ့

ဘာလို့လဲဆိုတော့ လူနှစ်ယောက်ကြားမှာ နွေးထွေးတဲ့ အပူချိန်လေးတစ်ခုလိုအပ်ပါတယ်။ ဒါ့ကြောင့် ကော်ဖီ (သို့) ခပ်နွေးနွေးအရည်တစ်ခုခု မှာသောက်ပါ။

၂။ မျက်လုံးချင်းဆုံပါ

မျက်လုံးဆိုတာ လူတစ်ယောက်ရဲ့ စိတ်တံခါးပေါက်ပါပဲနော်။ မျက်လုံးချင်းဆုံပြီး စကားပြောပါ။

၃။ သင့်ရဲ့ အားနည်ချက်ကို ပြောပြနိုင်ပါတယ်

လူတစ်ယောက်က ၁၀၀% ပြီးပြည့်စုံတဲ့သူမဟုတ်ပါဘူး။ သင့်ရဲ့ အားနည်းချက်ကို ပြောပြပါ။

၄။ သူ့ဆီကမမျှော်ကိုးပဲ သင်ကသူ့အတွက် ဖြစ်နေပါစေ

၅။ မိတ်ကပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သင်လည်း အထိုက်အလျောက်သိအောင် သင်ထားပါ

၆။ သူ့အနားမှာရှိနိုင်သမျှ ရှိပေးပါ။ ဒါပေမယ့် တခါတလေလည်း သူ ကိုယ့်ကို လွမ်းပါစေ

လူတစ်ယောက်က စွဲစွဲလန်းလန်းချစ်မိသွားစေတဲ့သူတစ်ယောက်ဖြစ်ဖို့ ပရိယာယ်မာယာ တချို့

၇။ အပြုဖက်ဆောင်တဲ့ ပြောဆိုဆက်သွယ်မှုလုပ်ပါ

သူ့ကို အမြဲတမ်းအပြစ်ပြောနေတာမျိုးမဟုတ်ဘဲ အပြုသဘောဆောင်တဲ့ ပြောဆိုမှုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်သင့်ပါတယ်။

Source: www.brightside.me

By: MyStyle Myanmar