ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ဆေးဝါး ၊ မျိုးရိုးဗီဇနဲ့ နေထိုင်မှုပုံစံတွေကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။

အဖြစ်အများဆုံး အကြောင်းရင်းကတော့ လူနေမှုပုံစံ မှားယွင်းလို့ပဲ ဖြစ်ပါတယ်။ ဥပမာ- ဆေးလိပ် အလွန်အကျွံသောက်ခြင်း ၊ ခေါင်းလျှော်တဲ့ အကြိမ်ရေ များလွန်းခြင်း စသည်ဖြင့်။

Photo: Pexels

ဦးထုပ်ဆောင်းခြင်းနဲ့ ထိပ်ပြောင်ခြင်းဟာ ဆက်စပ်မှု ရှိသလားဆိုတဲ့ မေးခွန်းကတော့ ဖြေရနည်းနည်း ခက်ပါလိမ့်မယ်။ အကြောင်းကတော့ ယုံကြည်လောက်တဲ့ သိပ္ပံနည်းကျ စမ်းသပ်ချက်ရလဒ်တွေ မသိရသေးလို့ ဖြစ်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး အမြွှာတွေကို လေ့လာခဲ့တဲ့ လေ့လာမှုနှစ်ခုမှာတော့ ဦးထုပ်ဆောင်းခြင်းဟာ အမျိုးသားတွေမှာ ဆံပင် ပိုကျွတ်စေတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေမှာတော့ သိသာတဲ့ ပြောင်းလဲမှု မတွေ့ရပါဘူး။ နောက်ထပ် လေ့လာမှုတစ်ခုမှာလည်း စစ်ဦးထုပ်ဆောင်းခြင်းဟာ ဆံပင်ကျွတ်တဲ့ အပေါ်မှာ သက်ရောက်မှု မရှိဘူးလို့ ဆိုပါတယ်။ တစ်ခုရှိတာက ခေါင်းကို ကြပ်ထုပ်နေတဲ့ ဦးထုပ်မျိုး ဆောင်းခြင်းက ဆံသားဆဲလ်တွေထဲ သွေးစီးဆင်းမှု လျော့ကျပြီး ဖိအားပေးရာကနေ ဆံပင်ကျွတ်ကျစေနိုင်ပါတယ်။

Source : Pinterest

ဦးထုပ်ကြောင့် ဆံပင်ကျွတ်ခြင်းဟာ ပထမတော့ ယာယီပြဿနာ ဖြစ်နိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဆံပင်မပေါက်နိုင်အောင် အထိ အခြေအနေဆိုးလာနိုင်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဦးထုပ်ဆောင်းမယ်ဆိုရင်လည်း ဦးခေါင်းကို ဖိအားပေးမှု သိပ်မရှိတဲ့ ဦးထုပ်ခပ်ချောင်ချောင်မျိုး ဆောင်းဖို့ အကြံပြုချင်ပါတယ်။