မိန်းကလေးတစ်ယောက်က ရုပ်ရည်လေးလှနေရုံနဲ့လည်း လှပတဲ့မိန်းကလေးတစ်ယောက်လို့ ပြောလို့တော့မရသေးပါဘူး။ ခန္ဓာကိုယ်လေးကလည်း အဆီပိုတွေမရှိပဲ ချပ်ချပ်ရပ်ရပ်လေးနဲ့မှ ကြည့်ကောင်းပြီးလှပနိုင်မှာပေါ့။ ဒါကြောင့် လှပတဲ့ခန္ဓာကိုယ်လေးတွေကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေဆီကနေ အတုယူပြီးလိုက်လုပ်ကြည့်သင့်တဲ့ အကျင့်ကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရေနွေးကို ကော်ဖီနေရာမှာအစားထိုးကြတယ်

ကော်ဖီဆိုတာ လူတိုင်းကြိုက်တဲ့သောက်စရာတစ်မျိုးပါပဲ။ လူတိုင်းကြိုက်နှစ်သက်တယ်ဆိုပေမယ့်လည်း ခဏခဏသောက်တာမျိုးကတော့ မကောင်းပါဘူး။ ကျန်းမာပြီး အဆီမရှိတဲ့ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားရတဲ့ မိန်းမလှလေးတွေကတော့ ကော်ဖီသောက်ချင်လာတဲ့အချိန်တိုင်းမှာ ရေနွေးကိုပဲ အစားထိုးပြီးသောက်ကြတာများပါတယ်။ ရေနွေးကခန္ဓာကိုယ်ထဲမှာရှိတဲ့ မကောင်းတဲ့အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပြီး အဆီတွေကိုလည်း သိသိသာသာလျော့ကျလာစေပါတယ်။

ရေဓာတ်ပြည့်ဝအောင်နေထိုင်တယ်

ခန္ဓာကိုယ်မှာ ရေဓာတ်ကောင်းကောင်းပြည့်ဝနေဖို့က အရေးကြီးတယ်ဆိုတာကိုတော့ သိထားပြီးသားဖြစ်မှာပါ။ ရေများများသောက်တာက အသားအရေကိုကြည်လင်လှပလာစေပြီး ခန္ဓာကိုယ်ကအဆီတွေကို လျော့ကျစေဖို့လည်း ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။

အချိန်မှန်မှန်ပဲစားတယ်

အစားစားဖို့ဆိုရင်လည်း အချိန်မှန်မှန်ပဲစားတတ်တဲ့ အကျင့်ကောင်းလေးက သူတို့ဆီမှာရှိနေတယ်။ အစားစားချိန်နောက်ကျတာတွေ၊ အစာလွန်တာမျိုးတွေမရှိတာကြောင့် ကျန်းမာရေးနဲ့လည်းသင့်တော်ပြီး လှပတဲ့ခန္ဓာကိုယ်ကိုလည်း ရရှိစေဖို့အကျိုးပြုနေတာပဲဖြစ်ပါတယ်။

ပဲကိုများများစားပေးတတ်တယ်

ပဲတွေမှာပါဝင်နေတဲ့ အမျှင်ဓာတ်တွေက အာဟာရကိုလည်းပြည့်ဝစေပြီး ခန္ဓာကိုယ်ထဲမှာ အဆီပိုတွေမရှိအောင်လည်း ထိန်းသိမ်းပေးထားနိုင်ပါတယ်။

ဒါတွေကတော့ ခန္ဓာကိုယ်လှပပြီး အဆီမရှိတဲ့ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားရတဲ့ပျိုမေတို့ဆီမှာ မြင်တွေ့ရတတ်တဲ့ အတုယူသင့်တဲ့အကျင့်ကောင်းလေးတွေပဲဖြစ်ပါတယ်။