လူတစ်ယောက် အကြိုက်တစ်မျိုးစီရှိကြတာကြောင့် တချို့ကောင်မလေးတွေက ရင့်ကျက်တဲ့ကိုကိုတွေကိုမှ ကြွေတတ်ကြပြီး တချို့တွေကျတော့လည်း မောင်လေးတွေကိုမှ သဘောကျကြတာပါ။ အခုတစ်ခါမှာတော့ ရင့်ကျက်တဲ့အမျိုးသား၊ ကလေးဆန်တဲ့အမျိုးသား စသည်ဖြင့် အကျင့်စရိုက်အမျိုးမျိုးရှိတဲ့အထဲကမှ စာဖတ်ဝါသနာပါတဲ့ ပုရိသတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။

စာဖတ်ဝါသနာပါတဲ့ အမျိုးသားတွေဟာ ချစ်သူကောင်းတစ်ယောက်၊ အိမ်ထောင်ဖက်ကောင်းတစ်ယောက်ဖြစ်နိုင်တယ်လို့ အမျိုးသမီးတွေက ထင်မြင်ယူဆကြပါတယ်။ ဘယ်လိုအချက်တွေကြောင့် အဲ့ဒီလိုထင်ရတာလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ရိုမန့်တစ်ဆန်တတ်ကြတယ်

စာဖတ်တဲ့အမျိုးသားတွေက စာအုပ်တွေကို ချစ်တဲ့အတွက်ကြောင့်ရော၊ စာဖတ်အားကောင်းတဲ့အတွက်ကြောင့်ရော ကိုယ့်ကောင်မလေးကို ချစ်သဝဏ်လွှာလေးတွေ မရိုးရအောင် ပေးပါလိမ့်မယ်။ တန်ဖိုးကြီးတဲ့လက်ဆောင်ပေးမှ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ခံစားချက်တွေကို ချစ်သဝဏ်လွှာလေးထဲမှာ ဖော်ပြပြီး သူမကိုလက်ဆောင်ပေးခြင်းကလည်း ရိုနည်းတစ်မျိုးပါပဲ။

ဗဟုသုတကြွယ်ဝကြတယ်

စာများများဖတ်ထားတော့ စာအုပ်စာပေတွေက ပေးစွမ်းတဲ့ ဗဟုသုတအပြည့်ပါပဲ။ ကိုယ့်ချစ်သူကောင်မလေးက ဘာပဲမေးလိုက်မေးလိုက် ကျိုးကြောင်းဆီလျှော်စွာ ပြန်ဖြေပေးနိုင်တာကြောင့် ကိုယ့်ချစ်သူရဲ့အထင်ကြီးလေးစားခြင်းကိုလည်း ခံရမှာပါ။

စိတ်ရှည်တတ်ကြတယ်

စာများများဖတ်တဲ့သူတွေက တစ်ဖက်လူက ပြောပြတဲ့အကြောင်းအရာကို စိတ်ရှည်ရှည်နဲ့နားထောင်ပေးတတ်ကြပါတယ်။ ဒီအချက်ကတော့ ကောင်မလေးတွေ အကြိုက်ဆုံးပါပဲ။ ကိုယ်ပြောသမျှကို စိတ်ရှည်လက်ရှည်နဲ့ နားထောင်ပေးတဲ့သူကို ကောင်မလေးတွေက အမှတ်ပြည့်ပေးတတ်ကြပါတယ်။

အကြံဉာဏ်ကောင်းတွေ ပေးစွမ်းနိုင်ကြတယ်

စောစောကပြောခဲ့သလိုပဲ စာများများဖတ်တော့ ဗဟုသုတကြွယ်ဝတာကြောင့် ကိုယ့်ကောင်မလေးက စိတ်သောက တစ်ခုခုရောက်တဲ့အခါ၊ ပြဿနာတစ်ခုခု ရင်ဆိုင်ကြုံတွေ့နေရတဲ့အခါ အကောင်းဆုံးအကြံဉာဏ်တွေ ပေးစွမ်းနိုင်ပါတယ်။

စတိုင်လ်ကျတယ်လို့ အထင်ခံရတယ်

ဘတ်စ်ကားပေါ်မှာ၊ ရထားပေါ်မှာ၊ စာကြည့်တိုက်မှာ စာအုပ်တစ်အုပ်ကို အာရုံစူးစိုက်ပြီး ဖတ်နေတဲ့အမျိုးသားလောက် ဆွဲဆောင်မှုရှိတဲ့သူ မရှိပါဘူး။ မိန်းကလေးတွေကလည်း အဲ့ဒီလိုဆွဲဆောင်မှုရှိပြီး စတိုင်လ်ကျတဲ့အမျိုးသားတွေကို ဒဲ့ရော၊ ဘေးတစောင်းရော ကြွေကြပါတယ်တဲ့။ ဒါပေမဲ့ သူမနဲ့ အတူရှိနေတဲ့အချိန်မှာ သူမကို စကားမပြောဘဲ စာချည်းပဲ လှိမ့်ဖတ်နေပြန်ရင်လည်း နဂါးမျက်စောင်းနဲ့ တွေ့သွားလိမ့်မယ်နော်။