လက်ပြတ်ဝတ်ရတာ ကြိုက်သူများအတွက် လက်ပြတ်အင်္ကျီလေးတွေကို ဘောင်းဘီအရှည်နဲ့ တွဲဝတ်ပြီး လှနေစေမယ့် ဖက်ရှင်အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ရိုးရိုးလေးနဲ့ ဖက်ရှင်ကျပြီး လှနေမယ့် Outfit လေးတွေဖြစ်လို့ သဘောကျမယ်လို့ ထင်ပါတယ်။

အခုခေတ်စားနေတဲ့ Tank Top လေးကိုမှ စတိုင်လ်ကျတဲ့ ဘောင်းဘီအပွလေးနဲ့ တွဲဝတ်လိုက်တော့ ရှင်းရှင်းလေးနဲ့ စတိုင်လ်ကျပြီး လှနေစေပါတယ်။

ဒီဖက်ရှင်လေးကျတော့ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်လေးတွေနဲ့ အရမ်းလိုက်တဲ့ ဖက်ရှင်လေးပါ။ Smart ကျစေပါတယ်။

ဒီလိုလက်ပြတ်လေးတွေကို ဘောင်းဘီအပွလေးတွေနဲ့ တွဲဝတ်တာမျိုးကျတော့ ပေါ့ပါးမှုရှိပြီး လူငယ်ဆန်ဆန်နဲ့ ချစ်ဖို့ကောင်းစေပါတယ်။

ဒီလိုဘောင်းဘီအပွကြီးတွေဆိုရင် Tank Top အတိုလေးတွေနဲ့ တွဲဝတ်ရင်လည်း စတိုင်လ်ကျသလို ဒီလို Tank Top အရှည်နဲ့တွဲဝတ်တာမျိုးကလည်း စတိုင်လ်ကျပြီး လှပါတယ်။

ဘောင်းဘီအပွတွေမကြိုက်ရင် လက်ပြတ် Top လေးတွေကို ဂျင်းဘောင်းဘီလေးနဲ့သာ တွဲဝတ်လိုက်ပါ။

Tank Top ကို Leather ဘောင်းဘီအရှည်တွေနဲ့ တွဲဝတ်လိုက်ရင် အရမ်းမိုက်ပြီး ဖက်ရှင်ကျစေပါတယ်။

ချစ်စရာကောင်းတဲ့ ဒီလိုလက်ပြတ် Top လေးတွေကို ဘောင်းဘီအရှည် Cutting ကျတာမျိုးလေးနဲ့ တွဲဝတ်ရင် အရမ်းလှပါတယ်။

ရိုးရိုးလက်ပြတ်လေးတွေကို ဒီလို Style Pant လေးနဲ့တွဲဝတ်ပြီး ဒေါက်ဖိနပ်လေးစီးလိုက်ရင်တော့ ဆွဲဆောင်မှုရှိပြီး လှပါတယ်။

ချစ်စရာကောင်းတဲ့ လက်ပြတ်လေးတွေကို ဂျင်းဘောင်းဘီအရှည်လေးနဲ့ တွဲဝတ်တာမျိုးက ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းသလို ဘယ်တော့မှလည်း ရိုးမသွားတဲ့ ဖက်ရှင်လေးဖြစ်ပါတယ်။

Photo source:www.pinterest.com