ဓာတ်ပုံရိုက်တဲ့အခါမှာ Cute Type တွေ၊ အရမ်းလူငယ်ဆန်တာမျိုး၊ ဟော့တာမျိုးတွေ သိပ်မကြိုက်တဲ့သူတွေအတွက် တည်ငြိမ်ပြီးလှတဲ့ ပို့စ်ပေးနည်းအိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။ လွယ်ကူတဲ့ပို့စ်လေးတွေပါပဲ။

ဒီလိုပုံလေးရိုက်ကြည့်ပါ။ Snap နဲ့လည်းတူသလို တည်ငြိမ်ပြီးလှတဲ့ ပုံစံလေးလည်း ဖြစ်ပါတယ်။

ပို့စ်သိပ်မပေးတတ်ရင် ဒီလိုမေးထောက်နေတဲ့ပုံလေးပဲ ပို့စ်ပေးလိုက်ပါ။ ရိုးရိုးလေးနဲ့လှပါတယ်။

ဒီပို့စ်လေးဆိုရင် ခြေတံအလှလေးလည်း ပေါ်လွင်စေပြီး အရမ်းလှပါတယ်။

ကော်ဖီခွက်လေးတွေ၊ အအေးဘူးလေးတွေ ကိုင်ထားပြီးရိုက်တဲ့အခါမှာတော့ ဒီလိုလေးပို့စ်ပေးကြည့်နော်။ တည်ငြိမ်လှပတဲ့ Look လေးရစေပါတယ်။

လှပကြော့ရှင်းတဲ့ဖက်ရှင်လေး ဝတ်ထားတဲ့အခါ ခုံမှာထိုင်ရိုက်ရင် ဒီလိုလေး ခြေထောက်ချိတ်ထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ တည်ငြိမ်လှပပြီး ခြေတံအလှလည်း ပေါ်လွင်စေပါတယ်။

ဓာတ်ပုံရိုက်တဲ့အခါ လက်ဘယ်နားထားရမှန်းမသိတဲ့သူတွေအတွက် အရမ်းအသုံးဝင်မယ့် ပို့စ်အိုင်ဒီယာလေးပါ။

ဆိုင်တွေမှာ ထိုင်ရိုက်တဲ့အခါ ဒီလိုဘေးတစ်စောင်းလေးထိုင်ပြီး ခြေထောက်ချိတ်ထိုင်ကာ ပို့စ်ပေးကြည့်ပါ။ လုပ်ရတာလွယ်ကူပြီး လှလည်းလှပါတယ်။

ဒါကလည်း တည်ငြိမ်ပြီး ရိုးရိုးလေးနဲ့လှတဲ့ ပို့စ်လေးပါပဲ။

မတ်တပ်ရပ်ရိုက်တဲ့အခါ တည်ငြိမ်ပြီးလှစေမယ့် အရပ်လည်းပိုရှည်သွားစေမယ့် ပို့စ်လေးဖြစ်ပါတယ်။

ပို့စ်သိပ်မပေးတတ်ရင် ဒီလိုလေးမတ်တပ်ရပ်၊ လက်ပိုက်ပြီး ပြုံးနေတဲ့ပုံလေးပဲ ရိုက်ကြည့်ပါ။ လှပတဲ့ပုံကောင်းလေး ထွက်လာပါလိမ့်မယ်။

Photo source:www.pinterest.com