လူတစ်ယောက်ကို စိတ်ဝင်စားနေပြီဆိုတာ သူလုပ်တတ်တဲ့ အပြုအမူတချို့ကနေ တွေ့မြင်နိုင်ပါတယ်။

အမျိုးသားတစ်ယောက်အနေနဲ့ မိမိစိတ်ဝင်စားနေတဲ့ ကောင်မလေးတစ်ယောက်က မိမိအပေါ် စိတ်ဝင်စားသလား ၊ စိတ်မဝင်စားဘူးလားဆိုတာ အခုဖော်ပြမယ့် အချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။

၁။ အကူအညီတောင်းမယ်

သင့်ကို ချစ်လို့ အကူအညီတောင်းတာပါ။ သင်နဲ့နီးစပ်အောင် ကြိုးစားတဲ့ သဘောအနေနဲ့ ပရိယာယ်လေးသုံးပြီး အကူအညီတောင်းတတ်ကြပါတယ်။

၂။  ကျေးဇူးတင်မယ်

သင့်ကို အကူအညီတောင်းလို့ ကူညီတဲ့အခါ ကျေးဇူးတင်တယ်လို့ သူပြောပါလိမ့်မယ်။ ဒါ့အပြင် ကျေးဇူးတင်တာတင်မက တစ်ခုခု ပြန်ပြီးလုပ်ကျွေးတာမျိုးလည်း လုပ်တတ်ပါတယ်။

၃။ စိတ်ဝင်စားကြောင်းပြသတယ်

လူတစ်ယောက်ကို စိတ်ဝင်စားနေပြီဆိုရင် ဘာဝါသနာပါတာလဲ၊ ပန်းတိုင်ကဘာလဲ၊ သင့်ရဲ့ အမြင်က ဘယ်လိုရှိသလဲ စသဖြင့် စိတ်ဝင်စားတဲ့အကြောင်း ပြသပါလိမ့်မယ်။ သင့်အကြောင်း ဘာမှမမေးရင်တော့ သေချာပါတယ်။ သူသင့်ကို စိတ်မဝင်စားပါဘူး။

၄။ ပွင့်ပွင့်လင်းလင်းပြောမယ်

ဥပမာ ရုပ်ရှင်အတူ ကြည့်ဖို့ ပြောတာတို့၊ ပါတီပွဲအတူတက်ဖို့ ပြောတာတို့ပေါ့။

၅။ပြုံးခြင်း

တစုံတယောက်ကို စိတ်ဝင်စားနေတဲ့ မိန်းကလေးတွေရဲ့ လက္ခဏာရပ်တချို့

သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ စိတ်ဝင်စားတဲ့ သူနဲ့ စကားပြောတဲ့ အမျိုးသမီးတွေဟာ ဟန်ဆောင်မှုကင်းကင်းနဲ့ ပြုံးနေတတ်ကြပါတယ်။ သူဘာပဲပြောပြာ ပြုံးနေ သဘောကျနေတာမျိုးပါ။

၆။ မပြောင်းလဲဘူး

မနေ့ကနဲ့ ဒီနေ့ သူ့ရဲ့ အပြုအမူတွေ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ သင့်အပေါ် ထားတဲ့ သူ့ရဲ့ စိတ်ကလည်း ခိုင်မြဲနေမှာဖြစ်ပါတယ်။ ခဏခဏ အပြောင်းအလဲမြန်ရင် သူသင့်ကို ခဏ စိတ်ကစားတာပါ။

၇။ သူငယ်ချင်းလိုပဲ နေမှာမဟုတ်ပါဘူး

ကိုယ်ချစ်နေ စိတ်ဝင်စားနေတဲ့ ကောင်လေးတစ်ယောက်ကို သူငယ်ချင်းဆိုတဲ့ နယ်မြေတစ်ခုကနေ (သို့) စည်းတစ်ခုကနေပဲ နေမှာမဟုတ်ပါဘူး။