တက်တူးထိုးချင်တဲ့ ကောင်မလေးတွေနဲ့ butterfly ပုံလေးတွေကိုကြိုက်တဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ အရမ်းလည်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ butterfly တက်တူးဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ကောင်မလေးအများစု အကြိုက်တွေ့မယ့် ဒီဇိုင်းလေးတွေ ဖြစ်မှာပါ။

အရမ်း cute ဖြစ်တာမျိုး မထိုးချင်ဘူးဆိုရင်တော့ ဒီ butterfly တက်တူးဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ အရမ်းလှပြီး ဆွဲဆောင်မှုရှိစေပါတယ်။

တက်တူးကို အရောင်လေးနဲ့ထိုးချင်ရင် ဒီလိုလေးထိုးလို့ရပါတယ်။ butterfly တက်တူးဒီဇိုင်းလေး ဖြစ်နေတာကြောင့် အရမ်းလှပြီး ချစ်ဖို့လည်းကောင်းပါတယ်။ အမြင်လည်းမရိုင်းလို့ မိန်းကလေးတွေနဲ့ အရမ်းလိုက်ပါတယ်။

အရောင်လေးနဲ့ butterfly တက်တူးကို ဒီလိုဒီဇိုင်းလေးလည်း ထိုးလို့ရပါတယ်။ စာသားလေးပါ ထိုးချင်ရင်လည်း ထိုးလို့ရတာပေါ့။ အရမ်းလှပါတယ်။

တက်တူးကို သေးသေးလေးတစ်ခုထဲမဟုတ်ပဲ များများလေးထိုးချင်ရင် ဒီလိုဒီဇိုင်းလေး ထိုးကြည့်ပါ။ butterfly နဲ့ ပန်းလေးတွေက အရမ်းလိုက်ဖက်ပြီး အရမ်းလှပါတယ်။ ဒီမှာထိုးထားသလို အရောင်လေးနဲ့ဆို ပိုပြီးလှမှာပါ။

တက်တူးကို လက်မှာပဲထိုးချင်ရင်တော့ အကြီးထိုးမယ်ဆိုရင် ဒီ butterfly တက်တူးဒီဇိုင်းလေးက အရမ်းလှပါတယ်။ အရောင်နဲ့ဒီဇိုင်းက စိတ်ကူးယဉ်ဆန်ပြီး အရမ်းလှပါတယ်။

အရောင်တွေနဲ့မထိုးချင်ရင်တော့ butterfly တက်တူးကို လက်မှာ ဒီလိုဒီဇိုင်းအသေးလေးထိုးကြည့်ပါ။ ချစ်ဖို့ကောင်းပြီး မိုက်လည်းမိုက်ပါတယ်။ အရမ်းထင်းနေတာမျိုး မကြိုက်တဲ့သူတွေအတွက်တော့ ဒါလေးက အဆင်ပြေမှာပါ။

လက်ကောက်ဝတ်နားမှာထိုးချင်ရင် butterfly တက်တူးကို အများကြီးမထိုးပဲ တစ်ခုထဲပဲထိုးကြည့်ပါ။ တစ်ခုထဲကို နည်းနည်းကြီးတာလေးထိုးလည်း လှသလို၊ သေးသေးပိစိလေးထိုးမယ်ဆိုလည်း ချစ်ဖို့ကောင်းပါတယ်။

ရင်ဘတ်အောက်နားမှာ butterfly တက်တူးထိုးရင် အရမ်းမိုက်ပြီး အရမ်းလှပါတယ်။ ဒီနေရာမှာထိုးတာကျတော့ အရောင်ထက် ဒီလိုအနက်နဲ့ကမှ ပိုပြီးလိုက်ဖက်ပါတယ်။

တချို့ကျတော့ တက်တူးကို ခြေထောက်မှာထိုးရတာကို သဘောကျပါတယ်။ ဒီလိုခြေထောက်မှာထိုးချင်ရင် butterfly တက်တူးကို သေးသေးလေးတွေထိုးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ အရောင်နဲ့ထိုးလည်းလှသလို၊ ရိုးရိုးအနက်နဲ့ထိုးလည်း ချစ်ဖို့ကောင်းပါတယ်။

Photo source:www.pinterest.com