မင်္ဂလာပါနော်။ မြန်မာအမျိုးသမီးလေးတွေ ဖြစ်တာနဲ့အညီ ဘယ်လောက်ပဲ ခေတ်ပေါ်အဝတ်အစားလေးတွေက လှတယ်ပြောပြော မြန်မာဝတ်စုံကတော့ မိန်းကလေးတိုင်းမှာ ရှိကြပါတယ်နော်။ မြန်မာဝတ်စုံကို ကိုယ့်စိတ်တိုင်းကျ ချုပ်ဝတ်ကြတဲ့သူတွေလည်းရှိသလို ဝယ်ဝတ်ကြသူတွေလည်း အများကြီးပါပဲ။ အခုတစ်ခေါက်မှာတော့ ဝတ်စုံဒီဇိုင်းလှလှလေးတွေကို ရှာဖွေနေကြတဲ့ ပျိုမေလေးတို့အတွက် မြန်မာမင်းသမီးချောလေး အိချောပိုရဲ့ မြန်မာဝတ်စုံဖက်ရှင်လေးတွေကို ဝေမျှပေးချင်ပါတယ်။

အိချောပိုကတော့ ကိုယ်လုံးကိုယ်ပေါက် အင်မတန်လှပပြီး မြန်မာဝတ်စုံနဲ့ အင်မတန်လိုက်ဖက်လွန်းလို့ ပရိသတ်တွေကြားထဲမှာ ရေပန်းစားနေတဲ့ ထိပ်တန်းမင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်နော်။

မြန်မာဝတ်စုံကို အမြဲတမ်းလိုလို ဝတ်ဆင်လေ့ရှိပြီး အဲဒီလို ဓာတ်ပုံလေးတွေကိုလည်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲတမ်း တင်လေ့ရှိပါတယ်။

ခေတ်ခေါ်ဝတ်စုံလေးတွေလည်း စတိုင်ကျ ဖက်ရှင်ကျအောင် ဝတ်စားဆင်ယင်တတ်သလို မြန်မာဝတ်စုံလေးတွေလည်း ဝတ်ဆင်ပြီးတော့ သူမကို အားပေးနေတဲ့ ပရိသတ်တွေအတွက် ဓာတ်ပုံတွေရိုက်ပြီး ဝေမျှလေ့လည်းရှိပါတယ်။

အခုဆိုရင် သူမရဲ့ချစ်သူနဲ့လည်း အိမ်ထောင်ပြုတော့မယ့် သတင်းကောင်းလေးကို ပရိတ်သတ်တွေကို မျှဝေထားတဲ့ အိချောပိုရဲ့ မြန်မာဝတ်စုံဒီဇိုင်း ယဉ်ယဉ်လေးတွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်နော်။

Image Credit: Ei Chaw Po’s Facebook Page