မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ လက်သည်းနီဒီဇိုင်းဆန်းလေးတွေ က သင့်ကို အားအင်ပေးပြီး ယုံကြည်မှုပိုရှိစေပါတယ်။

အရောင်လှပြီး သပ်ရပ်တဲ့ လက်သည်းနီတွေက သင့်အလှကို ပိုပံ့ပိုးပေးပါတယ်။ ဒီတစ်ခေါက်မှာတော့ ရိုးရိုးယဉ်ယဉ်လေးနဲ့ အရောင်မရိုင်းတဲ့ ကြက်သွေးရောင် လက်သည်းနီပုံစံတွေကို ဖော်ပြလိုပါတယ်။

ကြက်သွေးရောင်က ရုတ်တရက်ကြည့်လိုက်ရင် ကိုယ့်အသားကို မည်းစေမယ်လို့ ထင်ကောင်းထင်ရစေနိုင်ပေမယ့်လည်း တကယ်တမ်း လက်ပေါ်တင်လိုက်တဲ့အခါ အသားကို ဝင်းသွားစေပါတယ်။

ကြက်သွေးရောင်ကိုမှ သူ့အရောင်ချည်းပဲ ဆိုးတာမျိုးလည်း လှသလို ဒီဇိုင်းကာလာ နောက်ထပ်ဖြည့်စွက်ပြီးတော့လည်း အတူတူ ဒီဇိုင်းသစ်တစ်ခု ဆန်းသစ်လို့ရပါသေးတယ်နော်။

အခုတစ်ခေါက် ဒီဆောင်းပါးလေးမှာ ဖော်ပြပေးချင်တာကတော့ ပျိုမေလေးတို့အကြိုက်တွေ့မှာသေချာပြီး အသားအရောင်မရွေး လိုက်ဖက်မယ့် ကြက်သွေးရောင် လက်သည်းနီဒီဇိုင်းလေးတွေပဲဖြစ်ပါတယ်။

ကိုယ်ကြိုက်နှစ်သက်တာလေးတွေ့ရင် ဆိုးလို့ရအောင်လို့ သိမ်းထားလိုက်အုံးနော်။