သင့်အသားအရေက နုနယ်တယ်ပြောပြော ရင့်ကျက်တယ်ပြောပြော အကောင်းဆုံးနည်းလမ်းနဲ့ ထိန်းသိမ်းရမှာက သင့်တာဝန်ပါ။

ဈေးကွက်ထဲမှာ လူသိများတဲ့ Skincare ပစ္စည်းအများစုက ဈေးကြီးတဲ့ဖက်သွားကြတာဆိုပေမယ့်လည်း ကိုယ့်ရဲ့ Budget လည်း အများကြီးမထိခိုက်ဘဲ တကယ်လည်း ကိုယ့်အသားအရေအတွက် အသုံးဝင်မယ့် Skincare ပစ္စည်းတွေ ရှိနေပါသေးတယ်။

ဒါဆိုရင် ဘယ်ပစ္စည်းတွေက Budget သက်သာပြီး တကယ်ထိရောက်မှုရှိတဲ့ ပစ္စည်းတွေစာရင်းထဲဝင်နေမလဲဆိုတာ ဆက်ပြီးကြည့်လိုက်ရအောင်လား။

Cetaphil Gentle Skin Cleanser

Niacinamide, Vitamin B3, Pro-vitamin B5 နဲ့ Glycerin ပါဝင်လို့ အဆီပြန်တာ သက်သာစေပြီး ဝက်ခြံတွေ ထပ်မထွက်အောင် ကာကွယ်ပေးပါတယ်။

Chemical ပါဝင်မှု နည်းပါးတဲ့အတွက် All Skin Type အပြင် Sensitive Skin တွေအတွက် အရမ်းကို ကောင်းပါတယ်။

Hydration ရော Moisturizing Effect ပါလို့ သုံးပြီးရင်လည်း အသားခြောက်ခြောက်ကြီး ဖြစ်မနေခဲ့စေဘဲ စိုစိုအိအိလေး ကျန်ခဲ့ပါတယ်။

Superfood Marine Clay Mask

မျက်နှာအတွက်သာမက ခန္ဓာကိုယ်အတွက်လည်း အသုံးပြုနိုင်တဲ့ Superfood တံဆိပ် Clay Mask ကတော့ ထောပတ်သီး၊ Spinach ၊ ဘလူးဘယ်ရီ၊ ရေညှိ၊ Tea Tree ၊ ရှားစောင်းလက်ပတ်၊ calendula လို့ခေါ်တဲ့ ကတ္တီပါပန်းဝါ စတဲ့ ပါဝင်ပစ္စည်း (၇) မျိုးကို ပေါင်းစပ်ထုတ်လုပ်ထားတာပါ။

ဝက်ခြံတွေနဲ့ ချွေးပေါက်တွေကြားထဲက အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ပေးပြီးတော့ အသားအရေကို အဆိပ်အတောက်ပျယ်စေလို့ တစ်ပတ် နှစ်ကြိမ်လောက်သုံးမယ်ဆိုရင် ချွေးပေါက်တွေကျဥ်းလာတာကို သိသိသာသာမြင်တွေ့ရမှာဖြစ်ပါတယ်။

Cosrx AHA/BHA Clarifying Toner

AHA/BHA Clarifying Toner မှာ အဓိက Main Ingredients တွေကတော့ ဝက်ခြံ ဆားဝက်ခြံ၊ အဆီဘု၊ အဆီခဲတွေကို လျော့ပါးအောင် ပြုလုပ်ပေးတဲ့ BHA နဲ့ မျက်နှာအသားအရေကြမ်းတမ်းခြင်း၊ ချွေးပေါက်ကျယ်ခြင်းတို့ကို သက်သာစေတဲ့ AHA တို့ ပေါင်းစပ်ပါဝင်ထားပါတယ်။

ချွေးပေါက်တွေထဲအထိ အညစ်အကြေးတွေကို ကောင်းကောင်းဖြေရှင်းပေးနိုင်လို့ လူကြိုက်အရမ်းများတဲ့ Toner လေးပါ။

Cosrx Snail Cream

အသားခြောက်၊ အသားမညီ မဲညစ်နေတဲ့အသားအရေကို ကြည်လင်တင်းရင်းပြီး Glow စေပါတယ်။ ရေဓာတ်ကြာရှည်စွာ ထိန်းပေးထားနိုင်လို့ အရေးအကြောင်းဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးသလို ဝက်ခြံဖြစ်ပြီး ကျန်ခဲ့တဲ့ အမဲစက်တွေကို ပျောက်စေပါတယ်။

Snail 92% နဲ့ Hyaluronic Acid တို့ အဓိက ပါဝင်တာကြောင့် အသားအရည်ကို ကောင်းမွန်စွာ အစိုဓာတ်ဖြည့်ပေးပါတယ်။

Eunyul Daily Care Sheet Mask

Black Bean က အသားအရေကြမ်းတမ်းခြင်းမှ ကာကွယ်ပေးပြီး အစိုဓာတ်ထိန်းပေးကာ အသားအရေကို ကြည်လင်တောက်ပစေပါတယ်။ Shea Butter ကတော့ အရေပြားအတွက် အာဟာရနဲ့ အစိုဓာတ်ကို အပြည့်အဝပေးနိုင်ပါတယ်။

Greentea Mask လေးက Camellia Sinensis လို့ခေါ်တဲ့ Green Tea က ထုတ်လုပ်ထားတဲ့ အဆီဖြစ်လို့ အသားရေကို ကောင်းကောင်းအာဟာရပေးပြီး အသားရေ ယားယံတာကိုလည်း သက်သာတဲ့အပြင် ရေဓာတ်လည်း ဖြည့်ပေးပါတယ်။ Avocado Mask လေးက skin အတွက်လိုအပ်တဲ့ Moisture ဓာတ်ကို ပြည့်ပြည့်ဝဝရရှိစေတာမို့ သူ့သုံးပြီးတာနဲ့ Skin က နူးညံ့အိစက်စေပါတယ်။