သွားတိုက်ဆေးတွေမှာပါဝင်တဲ့ သွားဖြူတဲ့ဓါတ်ဟာ ဓါတုပစ္စည်းတွေပါဝင်ပြီး ဈေးကြီးပေးဝယ်ရပါတယ်။ ဒီနေ့မှာတော့ ရိုးရှင်းလွယ်ကူပြီး သွားတွေကို ဖြူဖွေးသွားစေမဲ့ သဘာ၀နည်းလမ်းလေးကို ပြောပြပေးပါ့မယ်။
ဒီနည်းလမ်းလေးအတွက် ပင်လယ်ဆား အနည်းငယ် (သို့) မုန့်ဖုတ်ဆိုဒါပဲ လိုအပ် ပါတယ်။ အဲဒီပစ္စည်းနှစ်မျိုးကို ပေါင်းပြီးသုံးနိုင်သလို သီးခြားသုံးလို့လည်း ရပါတယ်။
ပင်လယ်ဆား
ပင်လယ်ဆားမှာ မဂ္ဂနီဆီယမ်၊ နီကယ် ၊ ဆိုဒီယမ် ၊ သံဓါတ် စတဲ့ဓါတ်တွေနဲ့အတူ သွားတွေကို ကျန်းမာ ကြံံ့ခိုင်စေတဲ့ သတ္တုဓါတ်တွေ အများအပြားပါဝင်ပါတယ်။ ပင်လယ်ဆားဟာ ခံတွင်းနံ့ဆိုးတာနဲ့ သွားဝါတာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် လက်တီးရီးယားပိုးမွှားတွေကို ကာကွယ်ပေးနိုင်ပါသေးတယ်။
ဒီတော့ ခံတွင်းကျန်းမာရေနဲ့ သွားကျန်းမာရေးအတွက် အခုပဲ ပင်လယ်ဆားနဲ့ သွားတိုက်လိုက်ပါ။
အသုံးပြုနည်း
သွားတိုက်တံကို ရေစွတ်ပးပါ။
ပင်လယ်ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်လောက် ထည့်ပြီး သွားတိုက်ပါ။
ဒါ့အပြင် ပင်လယ်ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်နဲ့ ရေနွေးရောပြီး စက္ကန့် ၃၀ လောက် ပလုတ်ကျင်းပါ။ အဲဒီလိုပြုလုပ်ပေးတာဟာ ခံတွင်းက ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။
မုန့်ဖုတ် ဆိုဒါ
မုန့်ဖုတ်ဆိုဒါကို သွားတွေဖြူဖွေးစေဖို့ အသုံးပြုနိင်ပါတယ်။ ဒါ့အပြင် ဆိုဒါမှာပါဝင်တဲ့ ဆိုဒီယမ်ဘိုင်ကာဘွန်နိတ် ဓါတ်က ဘက်တီးရီးယားပိုးမွှားတွေနဲ့ ခံတွင်းနံ့ ဆိုးတာကို ဖြစ်စေတဲ့ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။
ပြုလုပ်နည်း
သွားတိုက်တံပေါ်မှာ မုန့်ဖုတ်ဆိုဒါ အနည်းငယ်ထည့်ပြီး သွားတိုက်ပေးပါ။ နောက်တစ်နည်းကတော့ မုန့်ဖုတ်ဆိုဒါကို ဆားနဲ့ ရောပြီး သွားတိုက်နိုင်ပါတယ်။
Credit : www.healthy-holistic-living.com