အခုခေတ်မှာ အသားဖြူမှ လူရာဝင်မယ် အသားဖြူတဲ့လူတွေဆို ဘာဝတ်ဝတ်လှတယ်ဆိုတဲ့ အတွေးတွေကို ဖယ်လိုက်တော့နော်။ အသားညိုတဲ့သူတွေက ညိုချော ချောကြတဲ့သူတွေကြီးပါ။ အသားညိုပြီး ကိုယ်ကဘယ်လိုအရောင်မျိုးဆို ကိုယ်နဲ့လိုက်ဖက်တယ် အသားရောင်ကိုပိုပြီးဆွဲဆောင်မှုရှိမလဲဆိုတာ သိဖို့လိုအပ်တယ်နော်။ အင်္ကျီအရောင်ကလည်း လူတစ်ယောက်ကို အများကြီးဆွဲဆောင်နိုင်စေတဲ့အတွက် သေချာလေးရွေးဝတ်တတ်ဖို့တော့ လိုအပ်ပါတယ်။ ကဲ့..ဒီလိုဆို ဘယ်လိုအရောင်မျိုးတွေက ဆွဲဆောင်မှုပိုရှိပြီးပိုလိုက်ဖက်မလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

Red 

အနီရောင်ကတော့ ရဲရင့်ပြီးတော့ စိတ်အားတက်သန်မှုကို ပြတဲ့ကာလာဖြစ်ပါတယ်။ အနီရောင်ကို Blouse (or) Blazer တို့အတွက် ရွေးချယ်သင့်တဲ့ အရောင်မျိုးဖြစ်ပါတယ်။ တစ်ချို့သူတွေကတော့ အနီရောင်ကိုဝတ်ရမှာ အသားညိုရင် မလိုက်မှာဆိုးလို့ မဝတ်ရဲတတ်ကြပါဘူး။ တကယ်တော့ အသားညိုတဲ့သူတွေက အနီရောင်နဲ့ ပိုပြီးလိုက်ဖက်ပါတယ်နော်။

Emerald Green 

Emerald Green နဲ့ Blue နဲ့က အရောင်အရမ်းမကွာတဲ့ ပုံစံမျိုးလေးရှိပါတယ်။ ကြည့်လိုက်ရင် ခပ်ဆင်ဆင်ဖြစ်စေတဲ့ကာလာမျိုးလေးတွေ ဖြစ်ပါတယ်။ ကျောက်စိမ်းအရောင်လေးတွေမျိုးဖြစ်တဲ့အတွက် ဘောင်းဘီအရောင်တွေအဖြစ် ပိုပြီးတော့လိုက်ဖက်ပါတယ်။ Luxury ဆန်ပြီးတော့ Classic ဖြစ်တဲ့အရောင်မျိုးဆိုလည်း မမှားပါဘူး။

Pink 

Baby Pink အရောင်ပဲဖြစ်ဖြစ် ပန်းဆီရောင်တောက်တောက်လေးတွေပဲဖြစ်ဖြစ် အသားညိုတဲ့လူတွေအတွက် သေချာလေးရွေးချယ်ထားတဲ့အရောင်ဆိုလည်း မမှားပါဘူးနော်။ Baby Pink ကတော့အခုနောက်ပိုင်း Trend ဖြစ်လာတဲ့အရာင်တစ်ရောင်လည်း ဖြစ်တဲ့အတွက်လူငယ်ဆန်ပြီး ချစ်စရာကောင်းတဲ့အရောင်တစ်ရောင်လည်း ဖြစ်ပါတယ်။

White 

အဖြူရောင်ကတော့ တည်ငြိမ်ပြီး သွေးအေးတဲ့အရောင်တစ်မျိုးလည်း ဖြစ်ပါတယ်။ အဖြူရောင်က ဘယ်အသားအရေအရောင်နဲ့မဆို လိုက်ဖက်ပါတယ်။ အဖြူရောင်က Neutral Color တစ်မျိုးဖြစ်တဲ့အတွက် စိတ်ကိုလည်း ကြည်လင်စေပါတယ်။

Photo Source – Free.pik