Mascara ဆိုရင် အများစုက အနက်ရောင်သုံးလေ့ရှိပေမယ့် အခုနောက်ပိုင်း အညိုရောင် Mascara က အံ့သြစရာကောင်းလောက်အောင် Mascara ချစ်သူတွေကြားမှာ ရေပန်းစားလာပါပြီ။ ဒါကြောင့် အညို‌ရောင် Mascara ကို စမ်းကြည့်ချင်သူတွေအတွက် အညိုရောင် Mascara တချို့ကို ဝေမျှပေးလိုက်ပါတယ်။

1. YSL BEAUTY Lash Clash Mascara in Brown

ဒီ Mascara က မျက်တောင်ကို ရှည်စေတဲ့အပြင် မျက်တောင်ရဲ့ Volume ကိုထူစေပြီး 24 နာရီအထိ ကြာရှည်ခံပါတယ်။ အညိုရောင်စစ်စစ်ဖြစ်တာမလို့ မျက်လုံး အစိမ်းရောင် ၊ အပြာရောင်သမားများအတွက် သင့်တော်ပါတယ်။

2. BURBERRY BEAUTY Ultimate Lift Mascara in Natural Brown

ဇွန်းပုံစံထုတ်ထားတဲ့ သူ့ရဲ့ Brush ကြောင့် မျက်တောင်ကော့တဲ့အခါ လုံးဝကို ကော့တက်စေပါတယ်။ ဒါ့အပြင် သူ့အရဲ့အရောင်က အနက်ရောင်ဘက်သွားတဲ့အညိုလေးမလို့ အရမ်းကြီးတောက်မနေပါဘူး။

3. BENEFIT COSMETICS They’re Real Tinted Eyelash Primer

Primer အနေနဲ့ထုတ်ထားတဲ့ ဒီ Mascara ရဲ့အရောင်က အညိုရောင်ဖြစ်ပြီး သူ့ရဲ့လျှို့ဝှက်ချက်က မျက်တောင်တွေကို ပူမသွားအောင် ခွဲထုတ်ပေးတဲ့ သူ့ရဲ့ Brush ပါ။ သုံးတဲ့အခါ နူးညံ့ပြီး Mascara သုံးထားတယ်လို့ မထင်ရအောင် သဘာဝဆန်တဲ့ Look ကို ရစေပါတယ်။

4. TOO FACED Better Than Sex Mascara in Chocolate

Mascara သုံးတဲ့အခါ မျက်တောင်ကို ထူရမယ် ကော့ရမယ် ရှည်ရမယ်ဆိုရင်တော့ သင်လိုချင်တဲ့အချက်တွေ အကုန်လုံး ပြည့်စုံအောင်ထုတ်ထားတဲ့ ဒီ Mascara ကိုသာရွေးလိုက်ပါ။

5. GLOSSIER Lash Slick in Brown

Mascara ရွေးချယ်တဲ့အခါ Weightless ဖြစ်တာကို အဓိကထားရွေးတတ်ကြတဲ့သူတွေအတွက် သုံးတဲ့အခါ Smooth ဖြစ်ပြီး မျက်တောင်ရှည်စေတဲ့အပြင် Weightless Formula နဲ့ထုတ်ထားတဲ့ ဒီ Mascara ကို ရွေးသုံးပါ။

6. MECCA MAX Lash Whip Tubing Mascara in Brown

အညိုရောင် Mascara တွေထဲမှာမှ သမားရိုးကျ Mascara တွေနဲ့မတူဘဲ Tubing Version နဲ့ထုတ်ထားတဲ့ ဒီ Mascara က Panda Eye ဖြစ်မှာကြောက်တဲ့သူတွေ ရွေးသင့်တဲ့ Mascara ပါ။ ဒါ့အပြင် မျက်တောင်ကျွတ်တာ ၊ ဘေးကိုပျံ့တာကိုလည်း ကာကွယ်ပေးပါတယ်။