ပခုံးကျယ်တာကြောင့် ခန္ဓာကိုယ် အချိုးအစား မညီလို့ စိတ်ညစ်နေတဲ့ မိန်းကလေးတွေ ရှိမှာပါ။ များသောအားဖြင့် ပခုံးကျယ်ကျယ်ကို အားကစားမယ်တွေနဲ့ မော်ဒယ်တွေ ပိုင်ဆိုင်တတ်ကြပါတယ်။ ပခုံးကျယ်တဲ့ ပျိုမေတို့အတွက် သီးသန့်ထုတ်ထားတဲ့ ဝတ်စုံပုံစံတွေ ရှိသလို သိထားသင့်တဲ့ ဖက်ရှင်အကြံပေးချက်တွေလည်း ရှိပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်-

၁။ အင်္ကျီလတ်ပြတ်တွေကို ရွေးချယ်ပါ

လက်ပြတ်အင်္ကျီကိုမှ ကြိုးတစ်ချောင်း မဟုတ်ဘဲ ရင်ဘတ်အပြည့်ပါတဲ့ အင်္ကျီမျိုးကို ရွေးသင့်ပါတယ်။ ဒီလို အင်္ကျီတွေက ပခုံးကို ပိုကျဉ်းသွားစေပါတယ်။

၂။ အသားအပျော့ကို ရွေးချယ်ပါ

အင်္ကျီလက်ပြတ် အသားကိုမှ နူးညံ့တဲ့ အင်္ကျီပိတ်စမျိုးကို ရွေးသင့်ပါတယ်။ ပခုံးနေရာ အာရုံမစိုက်မိစေဖို့ ပခုံးနေရာမှာ အတွန့်အတက်တွေ ပါတာကို ရှောင်သင့်ပါတယ်။

၃။ လည်ပင်းကျယ်တာကို ရွေးပါ

အင်္ကျီမှာမှ လည်ပင်းကျယ်တဲ့ ဝတ်စုံတွေက ဒီနေရာပေါ် အာရုံရောက်စေပြီး ပခုံးကျယ်တာကို မသိသာစေတော့ပါဘူး။ V Shape အင်္ကျီ လည်ပင်းအကျယ်နဲ့လည်း သင့်တော်ပါတယ်။

၄။ ဆွဲကြိုးအရှည်

ဆွဲကြိုးအရှည်တွေက ပခုံးကျယ်သူတွေအတွက် သူငယ်ချင်းကောင်းပါ။ နှစ်ထပ်ပါတဲ့ ဆွဲကြိုးကလည်း ရွေးသင့်တဲ့အထဲ ပါဝင်ပါတယ်။

၅။ ခါးနေရာကို အလှဆင်ပါ

အောက်ပိုင်း ခန္ဓာကိုယ်အတွက် ဖက်ရှင်အကြံပေးချက်ကတော့ ပခုံးအကျယ်ထက် ပိုကျဉ်းတဲ့ ခါးနေရာကို အာရုံစိုက်တာပါ။ ခါးပတ်ပတ်တာ၊ အောက်ဘက် ကားသွားတဲ့ ဝတ်စုံ စတာတွေက ရွေးချယ်သင့်တာတွေပါ။

၆။ ဘောင်းဘီအောက်ဘက် ကားသွားတာကို ရွေးချယ်ပါ

အပေါ်ပိုင်းထက် အောက်ဘက်ကို ပိုအာရုံစိုက်မိစေဖို့ ဘောင်းဘီ အောက်ဘက် ပွသွားတာမျိုး၊ စကပ်အရှည် အကားတွေကို ရွေးသင့်ပါတယ်။ ဒီလိုဆိုရင် သင့်ခြေတံ ပိုရှည်တယ် ထင်ရစေပြီး ပခုံးကျယ်တာကို မသိသာစေတော့ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar