Jean ဖက်ရှင်ဆိုတာ ရိုးမသွားနိုင်တဲ့ဖက်ရှင်တစ်မျိုးပါပဲ။ အထူးသဖြင့် အပြင်သွားတဲ့အခါ ဝတ်ဆင်ကြပါတယ်။ Jeans ဘောင်းဘီဝတ်တဲ့အခါ ပိုပြီး တီထွင်ကြံဆမှုကောင်းကောင်းနဲ့ ပိုပြီး လှပအောင် ဝတ်လို့ရတဲ့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ နောက်ကျောမှာ ချောင်နေတဲ့ ဘောင်းဘီ

ခါးနောက်မှာ ချောင်နေတဲ့ Jean ဘောင်းဘီကို ကိုယ်နဲ့ ဝတ်လို့အဆင်ပြေသွားအောင် မျှော့ကြိုးလေး ထည့်ချုပ်ပြီး ဝတ်လို့ရပါတယ်။ ကိုယ်ဝယ်လိုက်တဲ့ဘောင်းဘီက ကိုယ်နဲ့ တိုင်းချုပ်ထားတာမဟုတ်တော့ တခါတလေ ကိုယ်နဲ့ တခြားနေရာမှာတော်ပေမယ့် ခါးနားမှာ ကြီးနေတာမျိုးဖြစ်တတ်ပါတယ်။ အသုံးဝင်မယ့်နည်းလမ်းမို့ မျှဝေပေးလိုက်တယ်နော်။

၂။ စတိုင်ကျအောင် ဒီလိုဝတ်မယ်

ဂျင်းဘောင်းဘီကို အနားမှာ ခေါက်ပြီးဝတ်ပေးတာဟာ သင့်ကို ပိုပြီးစတိုင်လ်ကျစေမှာပါ။

၃။ ခြေမျက်စိအပေါ်ထိရှိတဲ့ ဘွတ်ဖိနပ်တွေနဲ့ တွဲဝတ်တဲ့အခါ

ဂျင်းဘောင်းဘီကို ဘွတ်ဖိနပ်တွေနဲ့ တွဲဝတ်တဲ့အခါမှာလည်း ခေါက်ပြီးဝတ်ပေးတာဟာ ပိုပြီးစတိုင်လ်ကျပါတယ်။ ဖိနပ်ထဲထည့်ဝတ်တာ အပြင်ကို ထုတ်ဝတ်တာမျိုး မလုပ်ပါနဲ့။

၄။ ခေါင်းလောင်းဂျင်းဘောင်းဘီကိုဒီလိုဝတ်မယ်

ခေါင်းလောင်းပုံ ဂျင်းဘောင်းဘီ တချိန်တုန်းက အရမ်းကို ခေတ်စားခဲ့ဖူးပါတယ်။ အဲဒီလိုဂျင်းဘောင်းဘီကို ဘွတ်ဖိနပ်အရှည်နဲ့ အခုလို စတိုင်လ်ကျကျဝတ်ဆင်လို့ရပါတယ်နော်။

၅။ ကိုယ်နဲ့ နည်းနည်းရှည်နေတဲ့ဘောင်းဘီကို ဒီလိုပြန်ချုပ်မယ်

ကိုယ်နဲ့ တိုင်းချုပ်ထားတာမဟုတ်တော့ နည်းနည်းလေး ရှည်နေတာကို အခုလိုမျိုးခေါက်လိုက်ပြီး အရင်ဆုံး အပ်ခြည်နဲ့ချုပ်လိုက်ပါ။ ပြီးရင် ကပ်ကြေးနဲ့ ပြန်ညှပ်ချလိုက်ပါ။