လက်သည်းပုံဖော်တဲ့အခါ ရိုးရိုးပုံဖော်တာမျိုးထက် စိန်လေးတွေ ၊ ဖဲပြားလေးတွေ ၊ ကျောက်လေးတွေ အလှဆင်ရတာကြိုက်တဲ့ပျိုမေတွေအတွက် Bridgerton လက်သည်းအိုင်ဒီယာများကို ဝေမျှပေးချင်ပါတယ်။

ဒီလိုမျိုး ဘဲလေးပွိုင့်ဖိနပ်ကို Inspire ယူထားတဲ့ပုံစံမျိုးက ကပွဲတော်တော်များများနဲ့ လိုက်တဲ့ပုံစံပါ။

ဂန္ထဝင်ဆန်တဲ့ဒီဇိုင်းမျိုးကြိုက်ရင် ဒီလို French manicure ကိုမှ 3D ပန်းရောင်ဖဲကြိုးလေးနဲ့ အလှဆင်ကြည့်ပါ။

ဒီလိုဖဲပြားအကြီးတစ်ခုတည်းတပ်တာကတော့ Instagram မှာ Trend ဖြစ်တဲ့ပုံစံပါပဲ။

ဖဲပြားကို အရမ်းထင်းတာမျိုးမကြိုက်ရင် ဒီလို အသေးလေးနဲ့ဆိုလည်း ချစ်ဖို့ကောင်းပါတယ်။

ဖဲပြားမကြိုက်တဲ့သူဆိုရင် ဒီလိုပန်းခြောက်လေးတွေနဲ့ အလှဆင်ကြည့်ပါ။

ပန်းမကြိုက်ရင် ဒီလိုသစ်ရွက်လေးတွေ သုံးလည်း လှပါတယ်။

စိန်နဲ့မြကို ဒီလိုအထပ်လိုက်ပုံဖော်တာကလည်း အမိုက်စားဒီဇိုင်းပါပဲ။

ရှင်းတာမျိုးကြိုက်တဲ့သူဆိုရင်တော့ ဒီလိုပုလဲသေးသေးလေးတွေ သုံးလို့ရပါတယ်။