တောင်ကိုရီးယားနိုင်ငံမှ ကေပေါ့ပရိတ်သတ်များဟာ သူတို့ချစ်ခင်နှစ်သက်ရတဲ့ အနုပညာရှင်တို့ရဲ့ ပုံရိပ်တွေကို တစ်ခုမှမလွတ်ရလေအောင် အထူးဂရုစိုက်ပြီးရိုက်ကူးကြပါတယ်။

ဒါကြောင့်လည်း ဈေးကြီးပေးဝယ်ရတဲ့ ကင်မရာတွေကိုအသုံးပြုပြီး လေဆိပ်သွားသည်ဖြစ်စေ၊ ရှိုးပွဲတွင်ဖျော်ဖြေနေချိန်ဖြစ်စေ လှုပ်ရှားမှုတွေကို အမိအရဖမ်းယူကြပါတယ်။

ဒါကြောင့် ပရိတ်သတ်တွေမျှဝေထားသည့် ပုံရိပ်များထဲမှ အကောင်းဆုံးနဲ့ အဆန်းသစ်ဆုံး ပုံရိပ်များကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ Chanyeol

EXO အဖွဲ့ဝင် Chanyeol တစ်ယောက် အားကြိုးမာန်တက် ဂစ်တာတီးနေပုံကို ပရိတ်သတ်တစ်ယောက်ရိုက်ကူးယူထားတာဖြစ်ပါတယ်။ ကြောငြာတစ်ခုအတွက်လားတောင် မှတ်ယူရမယ့် လက်ရာလေးပါ။

၂။ Taeyong

NCT ရဲ့ Taeyong ရဲ့ပရိတ်သတ် အမိအရဖမ်းယူထားနိုင်တဲ့ ပုံရိပ်လေးပါ။ Taeyong လက်မှနေပြီး မီးတောက်နေသလား အောက်မေ့လောက်အောင် ထင်ရတဲ့ ဓာတ်ပုံတစ်ခုဖြစ်ပါတယ်။

၃။ Mina

အမျိုးသား၊ အမျိုးသမီးမကျန် သဘောကျနှစ်သက်ကြတဲ့ Twice အဖွဲ့မှ Mina ရဲ့ လျှပ်တပြက်ဓာတ်ပုံလေးတစ်ခုပါ။ ကားထဲမှထွက်လာတဲ့ အချိန်ကို ပရိတ်သတ်မှ ရုတ်တရက်ရိုက်ယူလိုက်သော်လည်း မဂ္ဂဇင်းအတွက် အိုက်တင်ပေးနေသလား ထင်ရအောင် လှပလွန်းပါတယ်နော်။

၎။ Taeyeon

မိန်းကလေးများအထူးကြိုက်နှစ်သက်တဲ့ Girls Generation အဖွဲ့ခေါင်းဆောင် Taeyeon သည် တကိုယ်တော်သီချင်း Why ကိုဖျော်ဖြေနေစဉ်အတွင်းက ပုံရိပ်လေးတစ်ခုပါ။

၅။ Bora

SISTAR ရဲ့ နောက်ဆုံးပရိတ်သတ်တွေ့ဆုံပွဲမှာ တွေ့ရတဲ့ Bora ရဲ့ လျှပ်တပြက်ဓာတ်ပုံလေးပါ။ ပရိတ်သတ်တွေအတွက် အပြုံးလေးတွေ၊ ချစ်စဖွယ်ဟန်လေးတွေ လုပ်ပြနေပေမယ့်လည်း မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ပြည့်နေတာပါ။

၆။ Jimin

နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ BTS အဖွဲ့မှ Jimin ကို ရောင်စုံစက္ကူစများကြားထဲတွင် တွေ့လိုက်ရတဲ့အခါမှာ ပရိတ်သတ်တွေ အလွန်ချစ်သွားကြမှာအသေအချာပါ။ ဒီဓာတ်ပုံကိုရိုက်လိုက်နိုင်တဲ့ပရိတ်သတ်က ဓာတ်ပုံရိုက်ပြီး အသက်မွေးဝမ်းကြောင်းတောင် လုပ်လို့ရနိုင်တယ်နော်။ ?

၇။ Lay

EXO ရှိုးပွဲတစ်ခုရဲ့ ဖျော်ဖြေပွဲချိန်အတွင်း မိုးရေစက်များအကြား Lay ရဲ့ စွဲဆောင်မှုအပြည့်နဲ့ကဟန်ကို အမှီရိုက်ကူးထားလိုက်နိုင်တာပါ။ ဘယ်လိုတော်တဲ့ ကင်မရာသမားပါလိမ့်။ ?

ကဲ….. စာဖတ်သူတို့ရော ဒီလိုမျိုးလက်ရာမြောက်လွန်းတဲ့ ဓာတ်ပုံလေးတွေ တွေ့ဖူးကြရဲ့လား…..တွေ့ဖူးတယ်ဆိုရင် share သွားကြပါအုံးနော်….