ဝမ်းဗိုက်တဝိုက်က ကြည့်ရဆိုးတဲ့အဆီတွေကြောင့် စိတ်ညစ်နေရပြီလား။ ဝမ်းဗိုက်အဆီကျဖို့ နည်းလမ်းတွေများစွာရှိတဲ့အထဲကမှ ထိရောက်မှုရှိတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

ဒီလေ့ကျင့်ခန်းတွေက ချွေးထွက်ရတဲ့လေ့ကျင့်ခန်းမဟုတ်တဲ့ အသက်ရှုလေ့ကျင့်ခန်းတွေဖြစ်ပါတယ်။

(၁) Bellows breath (Bhastrika Pranayama)

ဖျာပေါ်မှာ တင်ပျဉ်ခွေလျက် ထိုင်လိုက်ပါ။ ကျောရိုးနဲ့လည်ပင်းကို ဖြောင့်ဖြောင့်ထားပြီး လက်ဝါးတွေကို ဒူးတွေပေါ်တင်ထားပေးပါ။ ဝမ်းဗိုက်ကြွက်သားတွေကို လျှော့ချပြီး မျက်လုံးမှိတ်ထားပါ။ အသက်ကို ပြင်းပြင်းရှူသွင်းရှူထုတ်ပြုလုပ်ပေးပါ။

အသက်ရှူသွင်းချိန်မှာ အားပြင်းနေဖို့ စည်းချက်မှန်နေဖို့ လိုအပ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို (၅) မိနစ်ခန့်ပြုလုပ်ပေးပါ။

(၂) Diaphragmatic breathing

ပထမဦးစွာ ဖျာပေါ်ပက်လက်လှဲလျောင်းလိုက်ပါ။ အခုမှစလုပ်တဲ့သူဆိုရင်တော့ အသက်ရှူခြင်းကို ကောင်းစွာထိန်းချုပ်နိုင်ဖို့အတွက် ဝမ်းဗိုက်ပေါ် လက်နှစ်ဖက်ကို တင်ထားပါ။ နှာခေါင်းကနေစပြီး ဖြည်းဖြည်းချင်းအသက်ရှူသွင်းလိုက်ပါ။ ဝမ်းဗိုက်က သင့်လက်အောင်မှာ သိသိသာသာ ကျယ်လာတာကို ခံစားရပါလိမ့်မယ်။

နှုတ်ခမ်းသေးသေးလေးဟပြီး အသက်ရှူထုတ်လိုက်ပါ။ ဝမ်းဗိုက်ပေါ်တင်ထားတဲ့ လက်ကအောင်ကိုသိသိသာသာ နှိမ့်ကျသွားပါလိမ့်မယ်။ ရင်ဘတ် လှုပ်ရှားမှုမရှိအောင် ထားဖို့လည်း လိုအပ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို (၅-၁၀) မိနစ်ခန့် လုပ်ပေးပါ။ ထိုင်နေတဲ့အချိန် (သို့) မက်တပ်ရပ်နေချိန်မှာလည်း ဒီလေ့ကျင့်ခန်းကို ပြုလုပ်ပေးနိုင်ပါတယ်။

(၃) Stomach vacuum

ပက်လက်အိပ်လိုက်ပါ။ ခြေဖဝါးထောက်ထားပြီး ဒူးကိုကွေးလိုက်ပါ။ လေကိုရှူသွင်းနိုင်သမျှဖြည်းဖြည်းချင်း ရှူသွင်းလိုက်ပါ။ ရှူသွင်းထားတဲ့ လေပမာဏထက် များနိုင်သမျှများအောင် ရှူထုတ်လိုက်ပါ။

ဒီပုံစံအတိုင်း (၁၅-၂၀) စက္ကန့် အထိနေပေးပါ။ ဒီပုံစံကို ထိန်းထားတဲ့အချိန်မှာ ပုံမှန်အတိုင်း အသက်ရှူပေးပါ။ အသက်ရှူသွင်းရင်းနဲ့ ပုံမှန်အနေအထားအတိုင်းပြန်နေပေးပါ။ ဒီလေ့ကျင့်ခန်းကို ကြိမ်ဖန်များစွာပြုလုပ်ပေးနိုင်ပါတယ်။ နှာခေါင်းဖြင့် အသက်ရှူသွင်းပြီး ပါးစပ်ကနေအသက်ရှူထုတ်ပေးပါ။

(၄) Skull shining breath

ဖျာပေါ်မှာ တင်ပျဉ်ခွေလျက် ထိုင်လိုက်ပါ။ လက်ကိုဒူးတွေပေါ်မှာ တင်ထားပါ။ အသက် ပြင်းပြင်းရှူသွင်းလိုက်ပါ။ ပြီးတာနဲ့ လေကိုရှူထုတ်လိုက် နားလိုက်လုပ်ပေးပါ။

အသက်ပြင်းပြင်းရှူသွင်းလိုက်တဲ့အချိန်တွင် အဆုပ်မှာ လေ့အပြည့်ဖြစ်နေတာကို ခံစားမိပါစေ။ ဒီလေ့ကျင့်ခန်းကို (၃၀-၆၀) စက္ကန့်အထိ လုပ်ပေးပါ။