ဘရာဇီးသူတော်တော်များများဟာ အနောက်တိုင်းဆန်တဲ့ရုပ်ရည်၊ နေပူစာလုံထားတဲ့ အသားဝင်းဝင်းအလှကို ပိုင်ဆိုင်ထားသူတွေပါ။ မိတ်ကပ်နဲ့ Accessories တွေ ပြင်ဆင်တာမျိုးထက် သဘာဝဆန်တဲ့အလှကို တန်ဖိုးထားသူတွေဖြစ်ပြီး ကျော့ရှင်းတဲ့ဆံသားနဲ့ လက်သည်းကြည်ကြည်လေးတွေရအောင် ဂရုစိုက်ကြတတ်ကြပါတယ်။

ခွဲစိတ်ပြုပြင်စရာမလိုဘဲ သဘာဝအတိုင်း အသားအရေလေး နုပျိုနေအောင် ဂရုစိုက်တတ်ကြပြီး သူတို့ရဲ့ အလှအပထိန်းသိမ်းနည်းတွေက အကုန်အကျနည်းပြီး လုပ်ရလွယ်တဲ့ သဘာဝနည်းလေးတွေဖြစ်တာမို့ ဒီတစ်ခေါက်မှာ နုပျိုလိုသူတိုင်း ဘရာဇီးသူတွေဆီက အတုယူနိုင်မယ့် အလှအပ လျို့ဝှက်ချက်တွေကို မျှဝေပေးလိုက်ပါတယ်။ သင်မသိသေးတဲ့ ထိန်းသိမ်းနည်းတွေပါနေမလား စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်။

၁။ အုန်းရေသောက်လေ့ရှိတယ်


ဘရာဇီးသူတွေဟာ နုပျိုဖို့ အုန်းရေကို သောက်လေ့ရှိကြပါတယ်။ သူ့မှာအမဲစက်နဲ့ အရေးအကြောင်းတွေ လျှော့ချပေးနိုင်တဲ့ အာနိသင်တွေပါဝင်သလို အုန်းရေကရတဲ့ ဗီတာမင်ဓာတ်က အရေပြားကို အစိုဓာတ်ပေးနိုင်တာမို့ အသားခြောက်တာကိုလည်း သက်သာစေမှာပါ။

၂။ သဲ ကို သုံးပြီး Exfoliate လုပ်တယ်

ဘရာဇီးသူတွေဟာ အသားအရေပုံမှန် Exfoliate လုပ်ပြီး ဝက်ခြံနဲ့ ချွေးပေါက်ပိတ်တာတွေ မရှိအောင် ကာကွယ်လေ့ရှိကြပါတယ်။ လက်နဲ့ခြေထောက်အရေပြားအပေါ်က ဆဲလ်သေတွေ ကွာကျဖို့ ဈေးကြီးပေးရတဲ့ပစ္စည်းတွေထက် သဘာဝအတိုင်းရတဲ့ သဲ ကိုသုံးပြီး Exfoliate လုပ်တတ်ကြတာကိုလည်း တွေ့ရပါတယ်။

၃။ မုန်လာဥနီဖျော်ရည်သောက်တယ်

နောက်ထပ်နုပျိုဖို့အတွက် လုပ်ပေးရမှာကတော့ မုန့်လာဥနီဖျော်ရည် သောက်ပေးတာပါ။ မုန်လာဥနီဖျော်ရည်က ရတဲ့ ဗီတာမင်စီက သင့်အရေပြားအတွင်း ကော်လဂျင်ထုတ်လုပ်မှုတက်စေတာကြောင့် အသားအရေကို တင်းတင်းရင်းရင်းလေး ဖြစ်စေမှာပါ။ ဒါ့အပြင် နေလောင်ကွက်တွေ သက်သာစေဖို့လည်း ထောက်ပံ့ပေးမှာပါ။

၄။ ရေညှိ စားပေးကြတယ်

သဘာ၀ ရေညှိမှာပါတဲ့ Antioxidant ဓာတ်တွေက အသားအရေအလှအပအတွက် အရမ်းအသုံးဝင်ပါတယ်။ သူက အစိုဓာတ်ပေးပြီး ဝက်ခြံမထွက်အောင် ကူညီပေးသလို အသားအရောင်ညီပြီး အိုမင်းရင့်ရော်မှုနှေးစေဖို့အတွက်လည်း ထောက်ပံ့ပေးနိုင်တဲ့ အာနိသင်တွေပါဝင်နေတာပဲဖြစ်ပါတယ်။

၅။ သကြားညိုနဲ့ မျက်နှာ Scrub တိုက်ပေးတယ်

နောက်ထပ်ဘရာဇီးသူတွေလုပ်လေ့ရှိတာကတော့ လွယ်လွယ်ကူကူ သကြားညိုအသုံးပြုပြီး Scrub တိုက်ပေးတာပါ။ အသုံးပြုနည်းလေးကတော့ သကြားညိုနဲ့ သံလွင်ဆီအနည်းငယ်တို့ကို ပေါင်းပြီး မျက်နှာနဲ့ လက်တွေမှာ ဖြေးဖြေးချင်းပွတ်တိုက်ကာ ချေးချွတ်ပေးပါ။ Sensitive အသားအရေရှိသူတွေပါ အသုံးပြုနိုင်သလို သုံးပြီးတဲ့နောက် မျက်နှာလေးနူးညံ့ပြီး အသားအရေကြည်လင်လာတာကို ခံစားမိမှာပါ။

Source: brightside.me